ViewSonic M2 Projector

သွားလေရာကို အလွယ်တကူ သယ်ဆောင်သွားနိုင်မယ့် ViewSonic အမှတ်တံဆိပ် M2 မော်ဒယ် Portable Projector ဖြစ်ပါတယ်။ Full HD Resolution 1920 x 1080 အပြည့်အဝ ရရှိမှာ ဖြစ်ပြီး Screen ကို နေရာပြောင်းလိုက်ရင်လဲ Auto Focus ပါတာကြောင့် အလိုလိုချိန်ပေးသွားမှာ ဖြစ်ပါတယ်။ ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေ၊ ရုပ်ရှင်၊ ဗွီဒီယို၊ အားကစား၊ ဂိမ်းနဲ့ အခြား မီဒီယာဖျော်ဖြေမှုတွေကို လည်း ဘယ်နေရာမှာမဆို ကြည့်ရှုနှိုင်မှာဖြစ်ပါတယ်။DLP LED စနစ်ကို အခြေခံ တည်ဆောက်ထားပါတယ်။ သေးငယ်ပေမယ့်အလင်းတောက်ပမှုအား Lumens က 1200 Lumens ရှိတဲ့အတွက် ပုံမှန်အလင်းရှိတဲ့ အခန်းတွေမှာတောင် အသုံးပြုနိုင်ပြီး Color Dept- 1.07b color(R/G/B 10bit) ပေးနိုင်စွမ်းရှိလို့ အရောင်တွေကို သေချာစွာ ရရှိမှာဖြစ်ပါတယ်။ မီးလုံးအတွက် Normal Mode မှာ နာရီပေါင်း သုံးသောင်းကျော် အသုံးပြုနိုင်ပါတယ်။ Internal Speaker အနေနဲ့ 3W နှစ်လုံး ထည့်ပေးထားပါတယ်။

မျက်နှာပြင်အရွယ်အစား လက်မ ၈၀ အထိထားပြီး ကြည့်နိုင်တဲ့ အပြင် Wireless Screen-mirroring နဲ့ချိတ်ပြီး Laptop ၊ ဖုန်းတွေနဲ့ မျက်နှာပြင်အကြီးမှာ စိတ်ကြိုက်အသုံးပြုနိုင်ပါတယ်။ ချိတ်ဆက်မှုအတွက် USB 2.0 Type A, USB 3.0 Type A, 3.5 Audio out, HDMI 2.0, Micro USB စတာတွေ ထောက်ပံ့ပေးထားပါတယ်။ အရွယ်အစားက 261 x 166 x 271 mm ဖြစ်ပြီးအလေးချိန်က 1.3kg ရှိပါတယ်။

ViewSonic Myanmar ဖုန်း – ၀၉ ၂၅၂၀၈၂၇၀၀ (ရန်ကုန်) နဲ့ မန္တလေး ဖုန်း ၀၉ ၇၃၁၀၃ ၀၅၁ တို့ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ