ViewSonic M1 mini Plus Projector

သွားလေရာကို အလွယ်တကူ သယ်ဆောင်သွားနိုင်မယ့် ViewSonic အမှတ်တံဆိပ် M1 Mini Plus မော်ဒယ် Portable Projector ဖြစ်ပါတယ်။ Wi-Fi + Bluetooth Connectivity, Wireless Projection, Loud JBL Speakers, Built-in battery chargeable by Power Banks, USB Type-C Input, Smart Stand တွေပါ ထောက်ပံ့ပါဝင်ပါတယ်။ အရွယ်အစားသေးငယ်ပေမယ့် အလင်းတောက်ပမှုအား Ansi Lumens က 120 Lumens ရှိတဲ့အတွက် ပုံမှန်အလင်းရှိတဲ့ အခန်းတွေမှာ အဆင်ပြေပြေ အသုံးပြုနိုင်ပြီး Contrast 500 :1 ပေးနိုင်စွမ်းရှိလို့ အရောင်တွေကို သေချာစွာ ရရှိမှာဖြစ်ပါတယ်။ DLP စနစ်ကို အခြေခံတည်ဆောက်ထားပါတယ်။ Light Source Type က LED ဖြစ်ပြီး မီးလုံးအတွက် နာရီပေါင်း သုံးသောင်းကျော် အသုံးပြုနိုင်ပါတယ်။ Native Resolution အနေနဲ့ 854×480 အထိ ရရှိမှာဖြစ်ပြီး Resolutio​n အနေနဲ့ VGA(640 x 480) to FullHD(1920 x 1080) အထိ ရရှိမှာပါ။ ပုံရိပ်အရွယ်အစားအနေနဲ့ ၂၄ လက်မကနေ ၁၀၀ လက်မ အထိ ချဲ့နိုင်ပါတယ်။ Internal Speaker အနေနဲ့ JBL အမျိုးအစား 2W စပီကာ နှစ်လုံး ထည့်ပေးထားပါတယ်။ ချိတ်ဆက်မှု အနေနဲ့ HDMI: 1, Audio-in (Bluetooth): 1 (BT4.2), USB Type A: 1, (USB2.0 Reader), Wifi Input: 1 (5Gn) စတာတွေ ထောက်ပံ့ပါဝင်ပါတယ်။

အမေရိကန်ဒေါ်လာ ၂၄၅ နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။ ViewSonic Myanmar ဖုန်း – ၀၉ ၂၅၂၀၈ ၂၇၀၀ (ရန်ကုန်) နဲ့ ၀၉ ၇၃၁၀၃ ၀၅၁ (မန်း) ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««