ViewSonic LS800HD Projector

အလင်းရောင်မြင့်မားတဲ့နေရာတွေမှာ မီးပိတ်စရာမလိုဘဲ အသုံးပြုနိုင်မယ့် ViewSonic LS800HD Projector ဖြစ်ပါတယ်။ ရုံးသုံး၊ စာသင်ခန်းသုံး သာမက ဖျော်ဖြေရေးအနေနဲ့ပါ အသုံးပြုနိုင်ပါတယ်။ DLP Laser စနစ်ကို အခြေခံထားပြီး Max Brightness ကတော့ 5000 Lumens အထိ ရရှိမှာပါ။ Color Depth အနေနဲ့ 10-Bit (1.07 Billion Colors) အထိ ရရှိနိုင်လို့ အရောင်အသွေး စုံလင်စွာ ရရှိနိုင်မှာလည်း ဖြစ်ပါတယ်။ Display format ဖြစ်တဲ့ 3D ကိုလည်း ထောက်ပံ့ပေးပါတယ်။ Projector ပေါ်ရှိ HDMI input တစ်ခုကို ချိတ်ဆက်ပြီး ကွန်ပျူတာနဲ့ မိုဘိုင်းထုတ်ကုန်များမှ Wi-Fi, AirPlay, Miracast နဲ့ DLNA မှ တစ်ဆင့် ဗီဒီယိုတွေကိုထုတ်လွှင့်တဲ့ adapter ကိုလည်း ထောက်ပံ့ပေးထားပါတယ်။ သီးခြား တင်ဆက်သူ လေးဦးအတွက် split-screen display ကိုပြုလုပ်နိုင်သလို screen control for moderator mode လည်း ထောက်ပံ့ပါဝင်ပါတယ်။ Dynamic Contrast Ratio က 100,000:1 ဖြစ်ပါတယ်။ Lamp သက်တမ်း အနေနဲ့ Normal အသုံးပြုရင် 20000 Hours သက်တမ်းရှိပါတယ်။ Dynamic Eco-Mode အနေနဲ့ အသုံးပြုရင် 30,000 Hours ဖြစ်တဲ့အတွက် ကြာရှည်စွာ အသုံးပြုနိုင်ပါတယ်။ အသံထွက်စနစ်အတွက် 5W speaker နှစ်လုံးထောက်ပံ့ပေးထားပါတယ်။

Viewsonic Myanmar ဖုန်း – ၀၉ ၂၅၂၀၈၂၇၀၀ (ရန်ကုန်) နဲ့ ၀၉ ၇၃၁၀၃ ၀၅၁ (မန္တလေး) ကို ဆက်သွယ် ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ