
စီးပွားရေးဆိုင်ရာ တင်ပြချက်များ၊ အိမ်တွင်းအဆင့်မြင့် ဖျော်ဖြေမှု၊ ဟိုတယ်ဝန်ဆောင်မှုနဲ့ စာသင်ခန်းတွေမှာ အရည်အသွေးမြင့်မြင့်နဲ့ အသုံးပြုနိုင်မယ့် ViewSonic LS750WU Laser Projector ဖြစ်ပါတယ်။
DPL LASER စနစ် ကို အခြေခံထားပြီး MAX BRIGHTNESS ကတော့ အထိ 5000 LUMENS ရရှိမှာပါ။ COLOR DEPTH အနေနဲ့ 10-BIT (1.07 BILLION COLORS) အထိ ရရှိနိုင်လို့ အရောင်အသွေး စုံလင်စွာလည်း ရရှိနိုင်ပါတယ်။ မြင်ကွင်း အနေအထားက ASPECT RATIO 16:10 အနေနဲ့ ရရှိမှာဖြစ်ပါတယ်။ INTERNAL SPEAKERS အနေနဲ့လည်း 10W SPEAKER နှစ်လုံး ပါဝင်ပါတယ်။
Dynamic Contrast Ratio အနေနဲ့ 3,000,000:1 ရရှိပြီး Resolution ကတော့ 1920 x 1200 ရှိမှာဖြစ်ပါတယ်။ သာမန်ထက် ပိုမို ကြည်လင်တဲ့ ရုပ်ထွက်တွေကို ကြည့်ရှုနိုင်မှာပါ။ Lens ရင်းမြစ်က Nichia 67W ကို နှစ်ခုထောက်ပံ့ပေးထားပါတယ်။ Lamp Life ကတော့ နာရီပေါင်း နှစ်သောင်း ဖြစ်တဲ့အတွက် ကြာရှည်စွာ အသုံးပြုနိုင်ပါတယ်။
Projection Lens မှာ Maximum Diagonal Image Size က 7.62m ( 300” ) နဲ့ Optical Zoom ကို 1.3x ထိ အသုံးပြုနိုင်ပါတယ်။ အကွာအဝေးအရမ်းများရင်တောင် အမြင်မှုန်ဝါးမှုမရှိဘဲ ကြည်လင်နေမှာပဲဖြစ်ပါတယ်။ အရွယ်အစား အနေနဲ့ 405.0 x 305.0 x 145mm ရှိပြီး အလေးချိန် 5.9 kg ရှိပါတယ်။ ဝယ်ယူလိုပါက ViewSonic Myanmar ဖုန်း – ၀၉ ၂၅၂၀၈၂၇၀၀ (ရန်ကုန်) နဲ့ မန္တလေးမှာဆိုရင် ၀၉ -၇၃၁၀၃၀၅၁ မှာ စုံစမ်းနိုင်ပါတယ်။
-ကျော်ဇေယျ