ViewSonic LS 800HD Laser Projector

အိမ်တွင်းအဆင့်မြင့် ဖျော်ဖြေမှု၊ ဟိုတယ်ဝန်ဆောင်မှုနဲ့ စာသင်ခန်းတွေမှာ အရည်အသွေးမြင့်မြင့်နဲ့ ကြာရှည် အသုံးပြုနိုင်မယ့် ViewSonic LS 800HD Laser Projector ဖြစ်ပါတယ်။ HD resolution (1920×1080) အထိရရှိမှာဖြစ်ပြီး အလင်းရင်းမြစ်က Laser bank x 4 ဖြစ်ပါတယ်။ DLP LASER စနစ်ကို အခြေခံထားပြီး MAX BRIGHTNESS ကတော့ 5000 Lumens အထိ ရရှိမှာပါ။ COLOR DEPTH အနေနဲ့ 10-BIT (1.07 BILLION COLORS) အထိ ရရှိနိုင်လို့ အရောင်အသွေး စုံလင်စွာ ရရှိနိုင်မှာဖြစ်ပါတယ်။ မြင်ကွင်း အနေအထားက ASPECT RATIO 16:9 အနေနဲ့ ရရှိမှာပါ။5W စပီကာနှစ်လုံး ပါဝင်ပါတယ်။

Dynamic Contrast Ratio အနေနဲ့ 100,000:1ရရှိမှာဖြစ်ပါတယ်။ Lamp Life ကပုံမှန်အသုံးပြုရင် နာရီပေါင်း နှစ်သောင်း ဖြစ်ပြီး Dynamic Eco Mode မှာ နာရီသုံးသောင်းရတဲ့အတွက် ကြာရှည်စွာ အသုံးပြုနိုင်ပါတယ်။ Projection Lens မှာ Maximum Diagonal Image Size က 7.62m ( 300” ) နဲ့ Optical Zoom ကို 1.65x အထိ အသုံးပြုနိုင်ပါတယ်။ အကွာအဝေး အရမ်းများရင်တောင် အမြင်မှုန်ဝါးမှု မရှိဘဲ ကြည်ကြည်လင်လင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အရွယ်အစားက 360.0 x 161.0 x 440.0 ရှိပါတယ်။

ViewSonic Myanmar ဖုန်း – ၀၉ ၂၅၂၀၈၂၇၀၀ (ရန်ကုန်) နဲ့ မန္တလေး ဖုန်း – ၀၉ ၇၃၁၀၃ ၀၅၁ ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ