
ViewSonic အမှတ်တံဆိပ် VP2768-4k မော်ဒယ် Monitor ဖြစ်ပါတယ်။ အပေါ်အောက် ရွှေ့နိုင် ထောင်နိုင် လှည့်နိုင်တဲ့ အားသာချက်တွေ ပါဝင်ပြီး ဈေးနှုန်းသက်သာတဲ့ VP Pro Series ဖြစ်ပါတယ်။မျက်နှာပြင်အရွယ်အစား၂၇ လက်မ ရှိပြီး Resolution: 2560 x 1440 နဲ့ဖြစ်ပါတယ်။ ပိုမို ကြည်လင်ပြတ်သားတဲ့ တိကျသောအရောင်တွေကို မြင်ရပြီး စကရင်ကို အရမ်းအားစိုက်ကြည့်ရလို့ မျက်လုံးညောင်းတာတွေ ပြင်ပမှ မီးအလင်းရောင်တွေနဲ့ အခြား အလင်းရောင်တောက်တောက်တွေ နှောင့်ယှက်ခြင်းကြောင့် အရောင်တွေ ကွဲလွဲစရာ စိတ်ပူစရာမလိုတဲ့ ViewSonic Monitor Hoods နဲ့ တွဲသုံးမယ်ဆိုရင် သုံးစွဲသူရဲ့ မျက်လုံးအပြင် Professional ဓာတ်ပုံဆရာ၊ ရုပ်ရှင်ရိုက်ကူးသူ၊ ဂရပ်ဖစ်ဒီဇိုင်နာ၊ Animator တွေရဲ့ လုပ်ငန်းများအတွက် စိတ်ချရတဲ့ ကာကွယ်မှု တိုးတက်မှုတွေ ရရှိစေမှာဖြစ်ပါတယ်။ Aspect Ratio က 16:9 ဖြစ်ပါတယ်။ Panel Technology က IPS, a-si TFT Active Matrix LCD ဖြစ်ပြီး Backlight Life က 30,000 Hrs. (Min) အထိ ရနိုင်မှာပါ။ Display Colors အနေနဲ့ 16.7M ရှိပြီး Dynamic Contrast Ratioအနေနဲ့ 20,000,000:1 အထိ စွမ်းဆောင်နိုင်မှာပါ။ Viewsonic Myanmar ဖုန်း ၀၉ ၂၅၂၀၈ ၂၇၀၀ (ရန်ကုန်) နဲ့ ၀၉ ၇၃၁၀၃ ၀၅၁ (မန်း) ကိုဆက်သွယ်ဝယ်ယူနိုင်ပါတယ်။
-ကျော်ဇေယျ