Video conferencing device ကိုလစဉ်ကြေးဖြင့် အသုံးပြုနိုင်

Video conferencing device ကို လစဉ်ကြေနဲ့ အသုံးပြုနိုင်မယ်လို့ GNE Myanmar မှ သိရပါတယ်။

“ ပုံမှန်အားဖြင့် video conferencing device တွေကဈေးကြီးပါတယ်။ ဈေးကြီးလို့ ဝယ်မသုံးဖြစ်ရင် video conferencing သုံးစွဲခြင်းက ရရှိနိုင်မယ့် အကျိုးရလဒ်တွေကို မခံစားရတော့ပါဘူး။ Video conferencing device ကို ဝယ်စရာမလိုဘဲ လစဉ်ကြေးပေးပြီး အသုံးပြုနိုင်ပါတယ်” လို့ GNE Myanmar မှ သိရပါတယ်။

Video conferencing device ကိုလစဉ်ကြေးဖြင့် အသုံးပြုရတွင် Basic Plan အတွက် တစ်လလျှင် USD 149 ဖြစ်ပြီး လူ ၂ ယောက်မှ ၆ ယောက်အထိ အသုံးပြုနိုင်ကာ အခန်းသေးများအတွက် သင့်လျော်တယ်လို့ သိရပါတယ်။ All-in-one design HD video conference device ၁ ခုနဲ့ user account ၅ ခုရရှိမှာဖြစ်ပြီး အင်တာနက်ရှိတဲ့ မည်သည့်နေရာမှာမဆို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုတဲ့သူအနေနဲ့ အနည်းဆုံး တစ်နှစ်စာ အသုံးပြုရမယ်လို့ သိရပါတယ်။

Standard Plan မှာ တစ်လလျှင် USD 169 ဖြစ်ပြီး လူ ၈ ယောက်မှ ၁၄ ယောက်အထိ အသုံးပြုနိုင်ကာ အလယ်အလတ် အခန်းတွေအတွက် သင့်လျော်တယ်လို့ သိရပါတယ်။ HD video conference device တစ်စုံနဲ့ user account ၅ ခုရရှိမှာ ဖြစ်ပါတယ်။

အင်တာနက်ရှိတဲ့ မည်သည့်နေရာမှာမဆို အသုံးပြုနိုင်မှာဖြစ်ပြီး အနည်းဆုံး တစ်နှစ်စာ အသုံးပြုရမယ်လို့ သိရပါတယ်။ တပ်ဆင်ခ မရှိသလို လစဉ်ပေးသွင်းနိုင်မှာဖြစ်ကြောင်း၊ အင်တာနက်လိုင်းမှာ FTTH ဖြစ်ပါက ပို၍အဆင်ပြေကြောင်း ၊ လစဉ်ကြေားကို မြန်မာကျပ်ငွေဖြင့်လည်း ပေးသွင်းနိုင်ကြောင်း၊ User account ထပ်တိုးလိုပါကလည်း ထပ်တိုးနိုင်ကြောင်း၊ Client software ကို Windows, Apple macOS, iOS, Android တွေမှာ အသုံးပြုနိုင်ကြောင်း သိရပါတယ်။ အသေးစိတ် အချက်အလက်တွေကို [email protected] နဲ့ ၀၉-၇၇၇၄၄၄၃၈၈ သို့ ဆက်သွယ်စုံစမ်း နိုင်ပါတယ်။

-အောင်သူ