Viber Cupid chatbot ကိုမိတ်ဆက်

Viber မှ ချစ်ခင်တန်ဖိုးထားခြင်းကို ခံစားရစေရန်ရည်ရွယ်၍ Viber Cupid (မြားနတ်မောင်) chatbot ကို မိတ်ဆက်လိုက်ပါတယ်။
Rakuten Viber ရဲ့ အာရှ ပစိဖိတ်ဒေသဆိုင်ရာ ဈေးကွက်ရှာဖွေရေးအကြီးတန်း ဒါရိုက်တာဖြစ်သူ Anubhav Nayyar မှ “Viber က အသုံးပြုသူတွေအတွက် ထူးခြားတဲ့ အတွေ့အကြုံသစ်တွေပေးနိုင်ဖို့ အမြဲကြိုးစားနေပါတယ်။ အသုံးပြုသူတွေက ချစ်သူများနေ့မှာ သူတို့ရဲ့ ချစ်ခြင်းမေတ္တာတွေကို ကိုယ်ပိုင်ဟန်ပန်တွေနဲ့ စိတ်ကြိုက်ပြသနိုင်ဖို့အတွက် ကျွန်တော်တို့ Viber Cupid feature မျိုးစုံ ထည့်သွင်းပေးထားပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
Viber မြှားနတ်မောင်အပြင် ပိုမိုချိုမြိန်သော မက်ဆေ့ချ်များ ပေးပိုနိုင်ရန်အတွက် Viber တွင် အခြားသော feature အသစ်များကိုလည်း ထည့်သွင်းပေးထားကြောင်း၊ Viber တွင် အသည်းပုံ ဗွီဒီယိုမက်ဆေ့ချ်များ ပေးပို့ခြင်းနှင့် chat တွင် ချစ်ခြင်းမေတ္တာကို ဖော်ပြလိုက်သည့်အခါတိုင်း အသည်းပုံကလေးများ ပေါ်ထွက်လာမှာဖြစ်ကြောင်း သိရပါတယ်။
Viber မြားနတ်မောင်မှ ချစ်သူ ရှိ၊ မရှိ၊ တစ်ဖက်သတ်အချစ်ရေးဖြစ် မဖြစ် ဟူသည့် ရိုးရှင်းလွယ်ကူသော မေးခွန်းများ မေးခြင်းဖြင့် စတင်သွားမှာဖြစ်ပြီး မိမိရွေးချယ်လိုက်သော အဖြေပေါ်မူတည်၍ ပျော်ရွှင်ဖွယ်ရာကောင်းသော အက်ပလီကေးရှင်းအတွင်းရှိ လုပ်ဆောင်ချက်မြောက်မြားစွာကို ဖွင့်လှစ် ပေးသွားမှာဖြစ်ကြောင်း၊ ချစ်သူမရှိပါက အလိုက်ဖက်ဆုံးသော အနုပညာရှင်ကို ရှာဖွေတွေ့ ရှိရန် အတွက် အချစ်နှင့် ပတ်သက်သော ညဏ်စမ်းပဟေဠိ မေးခွန်းလေးများကို ဖြေဆိုရမှာဖြစ်ကြောင်း ၊ ချစ်သူရှိပါက ချစ်သူများနေ့ကတ်ကို မိမိစိတ်ကြိုက်ဖန်တီးပြီး ပို့ဆောင်ပေးနိုင်ရန် Viber မှလုပ်ဆောင် ပေးသွားမှာဖြစ်ကြောင်း၊ နောက်ဆုံးအချစ်ရေးက တစ်ဖက်သက် အချစ်ရေးဖြစ်နေပါက ချစ်ခြင်း မေတ္တာကို ပိုမိုခံစားမိစေရန်အတွက် Viber မှ love card များကို ပို့ဆောင်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။