Viber Communities လုပ်ဆောင်ချက်ကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

[ Zawgyi ]




-အောင်သူ

[ Unicode ]

Viber မှ အသုံးပြုသူ တစ်ဘီလီယံအထိ ပါဝင်ဆွေးနွေးပြောဆိုနိုင်မယ့် Viber Communities လုပ်ဆောင်ချက်ကို မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်လိုက်ပါတယ်။

Viber Communities တွင် သုံစွဲသူပေါင်း တစ်ဘီလီယံအထိ Group မှာပါ၀င်နိုင်မှာဖြစ်သလို ပိုမိုအဆင်ပြေ သော Admin ထိန်းချုပ်မှု လည်းပါ၀င်တယ်လို့ဆိုပါတယ်။ Organic Reach လည်း တိုက်ရိုက်ရောက်ရှိစေနိုင်မယ်လို့ သိရပါတယ်။

“ကမ္ဘာတစ်ဝန်းက ဘယ်သူမဆို ဘယ်နေရာရောက်ရောက် တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ချိတ်ဆက်နိုင်စွမ်းကို ပေးအပ်နိုင်ရမယ်လို့ Viber အနေနဲ့ ယုံကြည်ထားပါတယ်။ သန်းချီတဲ့ သုံးစွဲသူတွေအနေနဲ့ သူတို့ရဲ့တူညီတဲ့ စိတ်အားထက်သနမှုတွေ၊ စိတ်ဝင်စားမှုတွေကို တစ်နေရာတည်းမှာ စုဖွဲ့ဆွေးနွေးပြောဆိုနိုင်၊ ဆက်သွယ်ပေးနိုင်တဲ့ အလားအလာကောင်းတွေရှိအောင် Viber Communities က ဖန်တီးပေးထားပါတယ် “လို့ Viber ရဲ့ အရှေ့တောင်အာရှ ဆိုင်ရာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်အကြီးအကဲဖြစ်သူ Anubhav Nayyar ကပြောကြားခဲ့ပါတယ်။

-အောင်သူ