Viber မှ GIF များကို ဖန်တီးနိုင်မည့် လုပ်ဆောင်ချက်အသစ်တစ်ခု စတင်မိတ်ဆက်

Rakuten Viber မှ အသုံးပြုသူများ မိမိတို့ရဲ့ မိသားစုဝင်များ မိတ်ဆွေသူငယ်ချင်းများထံသို့ ပေးပို့ဖို့ GIF ဖန်တီးပြုလုပ်တဲ့ လုပ်ဆောင်ချက်ကို မိတ်ဆက်ခဲ့ပါတယ်။

Viber မှ အသစ်မိတ်ဆက်လိုက်တဲ့ GIF လုပ်ဆောင်ချက်မှာ အသုံးပြုသူ ‌အယောက် ၂၅၀ အထိအသုံးပြုနိုင်တဲ့ အဖွဲ့လိုက်စာတိုပေးပို့မှုနဲ့ အသုံးပြုသူ ၂၅ ယောက်အထိ ချိတ်ဆက်နိုင်သော ‌အဖွဲ့လိုက်ဖုန်းခေါ်ဆိုနိုင်တဲ့ လုပ်ဆောင်ချက်တွေအတွက် လိုက်ဖက်တဲ့ အသုံးဝင်ဆုံး လုပ်ဆောင်ချက်သစ်တစ်ခု ဖြစ်တယ်လို့ သိရပါတယ်။ GIF ဖန်တီးပြုလုပ်တဲ့ လုပ်ဆောင်ချက်ကို iOS များအတွက် စတင်အသုံးပြုနိုင်ပြီဖြစ်ပြီး လာမယ့် ရက်သတ္တပတ်များမှာ Android အတွက် အသုံးပြုနိုင်တော့မယ်လို့ သိရပါတယ်။

Viber အသုံးပြုသူတွေအနေနဲ့ မည်သည့်ချက်တွင်မဆို ‌အက်ပလီကေးရှင်းမှာ ပါဝင်တဲ့ ကင်မရာကို အသုံးပြုပြီး သို့မဟုတ် မိမိဖုန်းထဲမှာရှိတဲ့ ဗီဒီယိုကိုရွေးချယ်ကာ အထင်ကရဖြစ်ပြီး ထပ်ကာတလဲလဲ ပြန်ပြနေတဲ့ GIF ကို boomerang, fast play နဲ့ reverse တို့အဖြစ် ဖန်တီးနိုင်မှာဖြစ်ပါတယ်။ ဗီဒီယိုကို GIF အသစ်တစ်ခုအဖြစ် ပြောင်းလဲရန် အတွက် မိမိအနှစ်သက်ဆုံး ဗွီဒီယိုအပိုင်းကို ရွေးချယ်ကာ GIF တွင်ဖော်ပြနိုင်ရန် ဖြတ်ရမှာဖြစ်ပြီး GIF ကို ကြည့်ရှုနိုင်ရန် ပုံစံကို ရွေးချယ်ရမှာဖြစ်ပါတယ်။ အဆုံးအစမရှိ ရပ်တန့်မသွားတဲ့ boomerang မှစပြီး၊ reverse ပုံစံ၊ အနှေးပြကွက်နဲ့ ၂ ဆ နှင့် ၄ ဆ အမြန်ပြကွက်တွေကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ GIF အသစ်ကို စာသားဖောင့်မျိုးစုံ အရောင်မျိုးစုံ doodle တွေနဲ့ စတေကာမျိုးစုံတို့ကို အသုံးပြုပြီး အလှဆင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

“အထူးသဖြင့်အခုလိုအချိန်မျိုးမှာ ကျွန်တော်တို့ Viber ကနေပြီးတော့ အသုံးပြုသူတွေအနေနဲ့ စာတိုပေးပို့တဲ့အခါမှာ သူတို့ကိုယ်သူတို့ အကောင်းဆုံးဖော်ပြနိုင်ဖို့ ရည်သန်ပြီး ကြိုးစားလျက်ရှိပါတယ်။ ကျွန်တော်တို့ Viber မှာ emoji တစ်ခုက စာတစ်လုံးကိုအစားထိုးနိုင်တယ်ဆိုရင် GIF တစ်ခုက စာကြောင်းတစ်ကြောင်း ကို အစားထိုးနိုင်မှာဖြစ်ပါတယ်။ အခုကျွန်တော်တို့ အသစ်မိတ်ဆက်လိုက်တဲ့ အသုံးပြုသူတွေစိတ်ကြိုက် ဖန်တီးလို့ရနိုင်မယ့် GIF တွေကို အသုံးပြုပြီး ကိုယ်ပြောချင်တဲ့ အကြောင်းအရာနဲ့ကို အနီးစပ်ဆုံး ဟာသမြောက်အောင် ဆက်သွယ်ပြောဆိုနိုင်မှာ ဖြစ်ပါတယ်”လို့ Viber မှ COO ဖြစ်သူ Ofir Eyal က ပြောကြားခဲ့ပါတယ်။

-သန္တာ