Verizon GizmoTab

တန်ဖိုး – ကန်ဒေါ်လာ ၂၄၉.၉၉

အားသာချက်

မိဘတွေက ကလေးရဲ့ tablet သုံးစွဲမှုကို ထိန်းချုပ်ဖို့အတွက် parental control ပါဝင်သလို၊ software ပိုင်းမှာလည်းကလေး တွေ အလွယ်တကူနဲ့ သုံးစွဲတတ် အောင် ဖန်တီးပေးထားပါတယ်။ ဒါ့အပြင် tablet ကိုအကြမ်းခံနိုင် အောင်လည်းစီစဉ်ပေးထားပြီး network အလုပ်လုပ်ဆောင် မှု ကောင်းမွန်တာတွေကလည်း ဒီ tablet ရဲ့ အားသာချက်တွေ ဖြစ်ပါတယ်။

အားနည်းချက်

Internal storage ပိုင်းက တော့ သတ်မှတ်ထားတဲ့ ပမာဏ ကိုသာ အဓိသာ သုံးစွဲနိုင်မှာဖြစ် ပါတယ်။ ဒါ့အပြင် tablet ကိုအကြမ်းခံအောင် case နဲ့ ကာကွယ်ထားတဲ့အတွက်ခလုတ် တွေကိုနှိပ်တဲ့အခါမှာ နည်းနည်း အခက်အခဲဖြစ်စေနိုင်ပါတယ်။

အသေးစိတ်ဖော်ပြချက်

Qualcomm snapdragon 617 chipset ကို အသုံးပြုထားပြီး processor မြန်နှုန်းကတော့ 1.52GHz ရှိမှာဖြစ်ပါတယ်။ RAM 3GB ပါဝင်မှာဖြစ်ပြီး အချက်အ လက်တွေ သိမ်းဆည်းဖို့ အတွက် storage ကတော့ 16GB ပါဝင်မှာဖြစ်ပါတယ်။ Display အရွယ်အစားကတော့ ၈ လက်မဖြစ်ပြီး screen resolution ကတော့ 1920 x 1200 ဖြစ်ပါတယ်။ ကင်မရာပိုင်း ကတော့ rear camera က 8 megapixels နဲ့ Front camera က 5 megapixels ရှိမှာဖြစ်ပါတယ်။ Cellular data သုံးစွဲဖို့အတွက် လည်း အထောက်အပံ့ပေးထားပြီး ဘက်ထရီပမာဏကတော့ 5100mAh ရှိမှာဖြစ်ပါတယ်။ Tablet ကို တောက်လျှောက်သုံး စွဲမယ်ဆိုရင် ငါးနာရီကျော်ခန့် အ သုံးခံနိုင်မှာဖြစ်ပါတယ်။

-သီဟ
Ref: LaptopMag