Verizon Gizmo Tab

တန်ဖိုး – ကန်ဒေါ်လာ ၂၄၉.၉၉

အားသာချက်

မိဘတွေက ကလေးကို tablet သုံးစွဲမှုထိန်းချုပ်ဖို့အတွက် parental control ပါဝင်သလို၊ software ပိုင်းမှာလည်းကလေးတွေ အလွယ်တကူနဲ့ သုံးစွဲတတ်အောင် ဖန်တီးပေးထားတဲ့ tablet ဖြစ်ပါတယ်။ ဒါ့အပြင် tablet ကို အကြမ်းခံနိုင်အောင် စီစဉ်ပေးထားပြီး network အလုပ်လုပ်ဆောင်မှု ကောင်းမွန်တာတွေကလည် းဒီ tablet ရဲ့ အားသာချက်တွေဖြစ်ပါတယ်။

အားနည်းချက်

Internal storage ပိုင်းကတော့ သတ်မှတ်ထားတဲ့ ပမာဏအထိသာ သုံးစွဲနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် tablet ကို အကြမ်းခံအောင် case နဲ့ကာကွယ်ထားတဲ့အတွက် ခလုတ်တွေကို နှိပ်တဲ့အခါမှာ နည်းနည်း အခက်အခဲဖြစ်စေနိုင်ပါတယ်။

အသေးစိတ်ဖော်ပြချက်

Qualcomm snapdragon 617 chipset ကို အသုံးပြုထားပြီး processor မြန်နှုန်းကတော့ 1.52GHz ရှိမှာဖြစ်ပါတယ်။ RAM 3GB နဲ့ဖြစ်ပြီး အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် storage ကတော့ 16GB ပါဝင်မှာဖြစ်ပါတယ်။ Display ကတော့ ၈ လက်မ ဖြစ်ပြီး screen resolution ကတော့ 1920 x 1200 ဖြစ်ပါတယ်။ ကင်မရာပိုင်းကတော့ rear camera က 8 megapixels နဲ့ Front camera က 5 megapixels ရှိမှာဖြစ်ပါတယ်။ Cellular data သုံးစွဲဖို့အတွက်လည်း အထောက်အပံ့ပေးထားပြီး ဘက်ထရီပမာဏကတော့ 5100mAh ရှိမှာဖြစ်ပါတယ်။ Tablet ကို တောက်လျှောက်သုံးစွဲမယ်ဆိုရင် ငါးနာရီကျော်ခန့် အသုံးခံနိုင်မှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««