Vehicle Speed Alarm (ယာဉ်အမြန်နှုန်းအသိပေးစနစ်)

[ Zawgyi ]



-ရဲထွဋ်ဝင်း

[ Unicode ]

ယာဉ်အမြန်နှုန်း (ကီလိုမီတာ) ကို GPS အသုံးပြုကာ တိုင်းတာနိုင်မယ့် App ဖြစ်ပါတယ်။ ဒီ App မှာ မိမိအနေနဲ့ အမြင့်ဆုံးအမြန်နှုန်းကို သတ်မှတ်ပေးထားရမှာ ဖြစ်ပြီး ယာဉ်မှ သတ်မှတ်အမြန်နှုန်းထက် ကျော်လွန်ပါက ဖုန်းမှ အသံ (တီးလုံး) နဲ့သော်လည်းကောင်း၊ မြန်မာစကားနဲ့သော်လည်းကောင်း၊ အင်္ဂလိပ်စကားနဲ့ သော်လည်းကောင်း တုန်ခါမှုနဲ့တွဲကာ အသိပေးမှာဖြစ်ပါတယ်။

App မှာ နေရာတွေကို မှတ်သားထားနိုင်မယ့် မြေပုံစနစ်ထောက်ပံ့ပါ၀င်ပြီး မိမိ သီးခြားမှတ်သားထားတဲ့ နေရာရဲ့ အချက်အလက်တွေကို ပြင်ဆင်ခြင်း၊ ထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်းတွေကိုလည်း App မှာ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာ သုံးနိုင်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။

-ရဲထွဋ်ဝင်း