VankyoMatrixPad Z1 7 inch

တန်ဖိုး – ကန်ဒေါ်လာ ၆၄.၉၉ (Amazon Price)

အားသာချက်

ဈေးနှုန်းချိုသာတာကဒီ tablet ရဲ့ အားသာချက်တစ်ခုပါ။ ကန်ဒေါ်လာ ၁၀၀ အောက်နဲ့ ရရှိနိုင် ပြီးသုံးစွဲထားတဲ့ hardware တွေကလည်း အရမ်းအနိမ့်ကြီးထဲမှာ မပါဝင်ပါဘူး။

အားနည်းချက်

ဈေးနှုန်းသက်သာတဲ့ tablet ဖြစ်လို့ ကင်မရာပိုင်းတွေကတော့ အားနည်းပါတယ်။ ကင်မရာသုံးစွဲရတာ ကြိုက်နှစ်သက်တဲ့ သူတွေအတွက်တော့ သိပ်အဆင်ပြေမှာ မဟုတ်ပါဘူး။ RAM ပိုင်းကလည်း နည်းပါတယ်။

အသေးစိတ်ဖော်ပြချက်

Quad-Core processor ကို အသုံးပြုထားပြီး processor မြန်နှုန်းကတော့ 1.5GHz ရှိမှာဖြစ်ပါတယ်။ RAM ပိုင်းအတွက် 1GB သာ တပ်ဆင်ပေးထားပြီး၊ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် storage ပမာဏကတော့ 32GB ပါဝင်မှာဖြစ်ပါတယ်။ Display screen အရွယ်အစားကတော့ ရ လက်မခန့်ရှိမှာဖြစ်ပြီး screen resolution ကတော့ 1024 x 600 ရှိမှာ ဖြစ်ပါတယ်။ ဒီ tablet မှာ အသုံးပြုထားတဲ့ Operating System ကတော့ Android 8.1 Oreo ကိုအသုံးပြုထားပါတယ်။ ကင်မရာပိုင်းကတော့ front camera ရော rear camera ကို 2 megapixels ရှိတဲ့ ကင်မရာတွေကို အသုံးပြုထားပါတယ်။ ဘက်ထရီပိုင်းကတော့ web browsing သုံးတာနဲ့ စာဖတ်တာတွေ သီချင်းနားထောင်တာတွေကို ၈ နာရီကျော် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

-သီဟ