Vankyo MatrixPad Z1 7 inch

တန်ဖိုး – ကန်ဒေါ်လာ ၆၄.၉၉ (Amazon Price)

အားသာချက်

ဈေးနှုန်းချိုသာတာက ဒီ tablet ရဲ့အားသာချက်တစ်ခုပါ။ ကန်ဒေါ်လာ ၁၀၀ အောက်နဲ့ ရရှိနိုင်ပြီး သုံးစွဲထားတဲ့ hardware တွေကလည်း အရမ်းအနိမ့်ကြီးထဲမှာမပါဝင်ပါဘူး။

အားနည်းချက်

ဈေးနှုန်းသက်သာတဲ့ tablet ဖြစ်လို့ ကင်မရာပိုင်းတွေကတော့ အားနည်းပါတယ်။ ကင်မရာသုံးစွဲ ရတာ ကြိုက်နှစ်သက်တဲ့သူတွေ အတွက်တော့ သိပ်အဆင်ပြေမှာ မဟုတ်ပါဘူး။ RAM ပိုင်းကလည်း နည်းပါတယ်။

အသေးစိတ်ဖော်ပြချက်

Quad-Core processor ကို အသုံးပြုထားပြီး processor မြန်နှုန်းကတော့ 1.5GHz ရှိမှာ ဖြစ်ပါတယ်။ RAM ကို 1GB တပ်ဆင်အသုံးပြုပေးထားပြီး၊အ ချက် အလက်တွေသိမ်းဆည်းဖို့ အတွက် storage ပမာဏက တော့ 32GB ပါဝင်မှာဖြစ်ပါ တယ်။ Display အရွယ်အစားကတော့ ၇ လက်မခန့်ရှိမှာဖြစ်ပါတယ်။ Tablet မှာ အသုံးပြုထားတဲ့ Operating System ကတော့ Android 8.1 Oreo ဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ front camera ရော rear camera ကို 2 megapixels ရှိတဲ့ ကင်မရာတွေ အသုံးပြုထားပါတယ်။ ဘက်ထရီ ပိုင်းကတော့ web browsing သုံးတာနဲ့ စာဖတ်တာတွေသီချင်း နားထောင်တာတွေကို ၈ နာရီ ကျော် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

-သီဟ

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««