Vampyr

[ Zawgyi ]

ပလက္ေဖာင္းစနစ္စံုစုံနဲ႔ က စားႏိုင္မယ့္ အသစ္ထြက္လာတဲ့ ဂိမ္းသစ္တစ္ခုနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ သူကေတာ့ Vampyr ပဲ ျဖစ္ပါတယ္။ ပံုမွန္စာလံုးေပါင္း Vampire ကို အသံထြက္တုၿပီး စာ လံုးေပါင္းအသစ္နဲ႔ ေရးထားတဲ့ ဂိမ္းသစ္တစ္ခုပါ။ PS4ေရာ Xbox One နဲ႔ပါကစားႏုိင္မယ္၊ ၿပီးေတာ့ Wins စနစ္နဲ႔လည္း ရမယ္ဆိုေတာ့ အဆင္ေျပပါၿပီ။

ဇာတ္လမ္းသြားရဲ႕အဓိကအေၾကာင္းက စမ္းသပ္သူ ေဒါက္တာ Jonathan Reid ရဲ႕စမ္းသပ္မႈက ေနစပါတယ္။ သူ႔ရဲ႕ေသြးစမ္းသပ္ ခ်က္ေတြက ေသြးစုပ္ဖုတ္ေကာင္ အသစ္တစ္မ်ိဳး ျဖစ္လာေစႏိုင္ တယ္ေလ။ ၿပီးေတာ့ဘယ္ေတာ့ မွ မေသေတာ့မယ့္ ထာဝရရွင္ သန္ႏုိင္မယ့္ ဗီဇကိုလည္း ရသြားမယ္ေပါ့။ ၁၉၁၈ ခုႏွစ္ဝန္းက်င္၊ လန္ဒန္ၿမိဳ႕ ပတ္ဝန္းက်င္ပံုစံကို ဖန္တီးထားတဲ့ အခုဂိမ္းက အဝတ္ အစား၊ အျပင္အဆင္နဲ႔အခန္းအ လင္းအေမွာင္ေတြကအစ ေခတ္ေနာက္က်န္ေနလို႔ ေသြးစုပ္ဖုတ္ ေကာင္ ဇာတ္လမ္းသြားတစ္ခု အတြက္ကေတာ့ ေမွာင္ေမွာင္နဲ႔ တိတ္တိတ္ဆိတ္ဆိတ္ ေျခာက္ျခားစရာပါ။

Single အေနနဲ႔ပဲကစားႏိုင္မွာက အဖြဲ႔လိုက္ ကစားခ်င္သူေတြအတြက္ စိတ္ႀကိဳက္မျဖစ္ႏုိင္ေပမယ့္ LAN ေတြခ်ိတ္ဆက္ဖို႔ မလိုအပ္တာေတြ၊ လူစုၿပီးမွကစားဖို႔ မလိုတာေတြေၾကာင့္ တစ္ကုိယ္တည္းသမားေတြ စြန္႔စားခန္းဝင္ဖို႔ အေကာင္းဆံုး ဂိမ္းပံုစံ ျဖစ္ လာေစပါတယ္။ ကစားသူက ေဒါက္တာ Reid ေနရာမွ ၀င္ ေရာက္ကစားရမွာပါ။ သူက ကိုယ့္ကိုယ္ကို စမ္းသပ္မိရာကေန ေသြးစုပ္ဖုတ္ေကာင္ ျဖစ္လာတယ္ ေပါ့။ ဒီလိုနဲ႔ ေသြးေတြ လိုက္ စုပ္ရမယ္ေပါ့။ ေသြးမ်ားမ်ာ ေသာက္ႏုိင္၊ စုပ္ယူႏိုင္ေလေလ Reid အေနနဲ႔ ပိုမိုျမင့္မားတဲ့အစြမ္း ေတြပိုင္ဆိုင္လာမယ္။ ဥပမာတစ္ ေနရာကေန တေနရာကိုအရိပ္ သ႑ာန္နဲ႔တင္ သြားလာ ေရာက္ ရွိႏုိင္မယ္ေပါ့။

တိုက္ခိုက္မႈေတြကေန ဒဏ္ရာရတာပဲျဖစ္ျဖစ္ အားနည္းတာပဲျဖစ္ျဖစ္ အားေဆးသံုးၿပီးသက္သာမႈ ရေစႏုိင္မယ္၊ အားျပန္ျဖည့္ႏိုင္မယ္။ Reid သံုးႏိုင္မယ့္ လက္နက္ေတြကလႊလို၊ ခြဲစိတ္ခန္းသံုး ဓါးလို လက္နက္ေတြျဖစ္ၿပီး ကစားတဲ့ အဆင့္ျမင့္လာေလေလ လက္နက္ သံုးႏိုင္မႈလည္း အားေကာင္းလာပါလိမ့္မယ္။

Reid အဓိက ရင္ဆိုင္ရမယ့္ ရန္သူေတြကေတာ့ Ekon၊ သူက Reid လို ထူးဆန္းလူသားေတြကို အမဲလိုက္ေနသူလို႔ဆိုရမယ့္ Reid ကို သတ္မယ့္သူ၊ ၿပီးေတာ့ အရပ္ပုပု ေသြးစုပ္ဖုတ္ေကာင္မ်ိဳးျဖစ္တဲ့ Skals၊ ဝံပုေလြလူသားလိ႔ု ဆိုရမယ့္ Vulkod၊ ေသြးစုပ္ဖုတ္ေကာင္ အခ်င္းခ်င္း ျပန္လည္သတ္ျဖတ္ တတ္သူေသြးစုပ္ဖုတ္ေကာင္ Nemrod နဲ႔ ေသြးစုပ္ဖုတ္ေကာင္ အဖြဲ႕အစည္းရဲ႕ လံုၿခံဳေရးတာဝန္ခံ Guard of Priwen တို႔ပဲ ျဖစ္ပါတယ္။ ကိုယ္တိုင္စမ္းသပ္ခ်က္ေၾကာင့္ မ်က္ႏွာသစ္ ေသြးစုပ္ဖုတ္ေကာင္ ျဖစ္လာတဲ့ Reid အတြက္ ဒီရန္သူေတြက ေသမင္းတမန္ေတြပါပဲ။ ဒီေတာ့ Reid က သူရွင္သန္မႈအတြက္ လူေတြဆီကေန ေသြးေတြ စုပ္ရမယ္၊ သူ႔ကိုယ္သူ အစြမ္းထက္ေအာင္ ျပင္ဆင္ၿပီး ရန္သူေတြကို ရင္ဆိုင္ရမယ္ေပါ့။

ဒီေနရာမွာ လန္ဒန္ၿမိဳ႕ႀကီးျဖစ္လုိ႔ လူေတြမ်ားမယ္၊ ေသြးေတြ စုပ္ခ်င္သလို ရႏုိင္မယ္လို႔ မဟုတ္ဘဲ Reid လိုပဲ တျခားေသြးစုပ္ ဖုတ္ေကာင္ေတြကလည္း ေသြးေတြစုပ္ေနတာေၾကာင့္ ဂိမ္းမွာလူေတြရဲ႕ ေသြးကိုရဖို႔အတြက္ လမ္းေပၚက လူနည္းနည္းနဲ႔အိမ္ ေတြထဲကို ဝင္ခြင့္ရေအာင္ ႀကိဳးစားၿပီးမွ လိုအပ္တဲ့ ေသြးကိုရပါ လိမ့္မယ္။ သင့္အေနနဲ႔ေရာက္ေနတဲ့အဆင့္နဲ႔ ညီေအာင္ေသြးမစုပ္ ႏုိင္ရင္ေတာ့ တျခား ေသြးစုပ္ဖုတ္ ေကာင္ေတြရဲ႕ လက္ခ်က္နဲ႔တင္ အစက ျပန္ကစားရပါလိမ့္မယ္။ စိတ္ကူးယဥ္ ဆန္ေပမယ့္ဂိမ္း ျဖစ္ေနလုိ႔ သင့္အတြက္ လိုအပ္တဲ့ေသြးကိုရွာၿပီး ရွင္သန္ရပ္တည္ ဖုိ႔ ႀကိဳးစားလိုက္ပါေတာ့ေနာ္။ Vampyrကေတာ့ ထြက္ရွိေနပါၿပီ။

-သက္ႏုိင္ဦး (UCSL)

========

[ Unicode ]

Vampyr

========

ပလက်ဖောင်းစနစ်စုံစုံနဲ့ က စားနိုင်မယ့် အသစ်ထွက်လာတဲ့ ဂိမ်းသစ်တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူကတော့ Vampyr ပဲ ဖြစ်ပါတယ်။ ပုံမှန်စာလုံးပေါင်း Vampire ကို အသံထွက်တုပြီး စာ လုံးပေါင်းအသစ်နဲ့ ရေးထားတဲ့ ဂိမ်းသစ်တစ်ခုပါ။ PS4ရော Xbox One နဲ့ပါကစားနိုင်မယ်၊ ပြီးတော့ Wins စနစ်နဲ့လည်း ရမယ်ဆိုတော့ အဆင်ပြေပါပြီ။

ဇာတ်လမ်းသွားရဲ့အဓိကအကြောင်းက စမ်းသပ်သူ ဒေါက်တာ Jonathan Reid ရဲ့စမ်းသပ်မှုက နေစပါတယ်။ သူ့ရဲ့သွေးစမ်းသပ် ချက်တွေက သွေးစုပ်ဖုတ်ကောင် အသစ်တစ်မျိုး ဖြစ်လာစေနိုင် တယ်လေ။ ပြီးတော့ဘယ်တော့ မှ မသေတော့မယ့် ထာဝရရှင် သန်နိုင်မယ့် ဗီဇကိုလည်း ရသွားမယ်ပေါ့။ ၁၉၁၈ ခုနှစ်ဝန်းကျင်၊ လန်ဒန်မြို့ ပတ်ဝန်းကျင်ပုံစံကို ဖန်တီးထားတဲ့ အခုဂိမ်းက အဝတ် အစား၊ အပြင်အဆင်နဲ့အခန်းအ လင်းအမှောင်တွေကအစ ခေတ်နောက်ကျန်နေလို့ သွေးစုပ်ဖုတ် ကောင် ဇာတ်လမ်းသွားတစ်ခု အတွက်ကတော့ မှောင်မှောင်နဲ့ တိတ်တိတ်ဆိတ်ဆိတ် ခြောက်ခြားစရာပါ။

Single အနေနဲ့ပဲကစားနိုင်မှာက အဖွဲ့လိုက် ကစားချင်သူတွေအတွက် စိတ်ကြိုက်မဖြစ်နိုင်ပေမယ့် LAN တွေချိတ်ဆက်ဖို့ မလိုအပ်တာတွေ၊ လူစုပြီးမှကစားဖို့ မလိုတာတွေကြောင့် တစ်ကိုယ်တည်းသမားတွေ စွန့်စားခန်းဝင်ဖို့ အကောင်းဆုံး ဂိမ်းပုံစံ ဖြစ် လာစေပါတယ်။ ကစားသူက ဒေါက်တာ Reid နေရာမှ ၀င် ရောက်ကစားရမှာပါ။ သူက ကိုယ့်ကိုယ်ကို စမ်းသပ်မိရာကနေ သွေးစုပ်ဖုတ်ကောင် ဖြစ်လာတယ် ပေါ့။ ဒီလိုနဲ့ သွေးတွေ လိုက် စုပ်ရမယ်ပေါ့။ သွေးများမျာ သောက်နိုင်၊ စုပ်ယူနိုင်လေလေ Reid အနေနဲ့ ပိုမိုမြင့်မားတဲ့အစွမ်း တွေပိုင်ဆိုင်လာမယ်။ ဥပမာတစ် နေရာကနေ တနေရာကိုအရိပ် သဏ္ဍာန်နဲ့တင် သွားလာ ရောက် ရှိနိုင်မယ်ပေါ့။

တိုက်ခိုက်မှုတွေကနေ ဒဏ်ရာရတာပဲဖြစ်ဖြစ် အားနည်းတာပဲဖြစ်ဖြစ် အားဆေးသုံးပြီးသက်သာမှု ရစေနိုင်မယ်၊ အားပြန်ဖြည့်နိုင်မယ်။ Reid သုံးနိုင်မယ့် လက်နက်တွေကလွှလို၊ ခွဲစိတ်ခန်းသုံး ဓါးလို လက်နက်တွေဖြစ်ပြီး ကစားတဲ့ အဆင့်မြင့်လာလေလေ လက်နက် သုံးနိုင်မှုလည်း အားကောင်းလာပါလိမ့်မယ်။

Reid အဓိက ရင်ဆိုင်ရမယ့် ရန်သူတွေကတော့ Ekon၊ သူက Reid လို ထူးဆန်းလူသားတွေကို အမဲလိုက်နေသူလို့ဆိုရမယ့် Reid ကို သတ်မယ့်သူ၊ ပြီးတော့ အရပ်ပုပု သွေးစုပ်ဖုတ်ကောင်မျိုးဖြစ်တဲ့ Skals၊ ဝံပုလွေလူသားလို့ ဆိုရမယ့် Vulkod၊ သွေးစုပ်ဖုတ်ကောင် အချင်းချင်း ပြန်လည်သတ်ဖြတ် တတ်သူသွေးစုပ်ဖုတ်ကောင် Nemrod နဲ့ သွေးစုပ်ဖုတ်ကောင် အဖွဲ့အစည်းရဲ့ လုံခြုံရေးတာဝန်ခံ Guard of Priwen တို့ပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်စမ်းသပ်ချက်ကြောင့် မျက်နှာသစ် သွေးစုပ်ဖုတ်ကောင် ဖြစ်လာတဲ့ Reid အတွက် ဒီရန်သူတွေက သေမင်းတမန်တွေပါပဲ။ ဒီတော့ Reid က သူရှင်သန်မှုအတွက် လူတွေဆီကနေ သွေးတွေ စုပ်ရမယ်၊ သူ့ကိုယ်သူ အစွမ်းထက်အောင် ပြင်ဆင်ပြီး ရန်သူတွေကို ရင်ဆိုင်ရမယ်ပေါ့။

ဒီနေရာမှာ လန်ဒန်မြို့ကြီးဖြစ်လို့ လူတွေများမယ်၊ သွေးတွေ စုပ်ချင်သလို ရနိုင်မယ်လို့ မဟုတ်ဘဲ Reid လိုပဲ တခြားသွေးစုပ် ဖုတ်ကောင်တွေကလည်း သွေးတွေစုပ်နေတာကြောင့် ဂိမ်းမှာလူတွေရဲ့ သွေးကိုရဖို့အတွက် လမ်းပေါ်က လူနည်းနည်းနဲ့အိမ် တွေထဲကို ဝင်ခွင့်ရအောင် ကြိုးစားပြီးမှ လိုအပ်တဲ့ သွေးကိုရပါ လိမ့်မယ်။ သင့်အနေနဲ့ရောက်နေတဲ့အဆင့်နဲ့ ညီအောင်သွေးမစုပ် နိုင်ရင်တော့ တခြား သွေးစုပ်ဖုတ် ကောင်တွေရဲ့ လက်ချက်နဲ့တင် အစက ပြန်ကစားရပါလိမ့်မယ်။ စိတ်ကူးယဉ် ဆန်ပေမယ့်ဂိမ်း ဖြစ်နေလို့ သင့်အတွက် လိုအပ်တဲ့သွေးကိုရှာပြီး ရှင်သန်ရပ်တည် ဖို့ ကြိုးစားလိုက်ပါတော့နော်။ Vampyrကတော့ ထွက်ရှိနေပါပြီ။

-သက်နိုင်ဦး (UCSL)