Valve ရဲ့ Artifact ဂိမ်းသစ်ကို နိုဝင်ဘာလတွင် ဖြန့်ချိမည်

[ Zawgyi ]

Valve ရဲ့ ဂိမ်းအသစ်ဖြစ်တဲ့ digital card ဂိမ်း Artifact ကို နိုဝင်ဘာ ၂၈ ရက်မှာ Steam ကနေ ဖြန့်ချိသွားမှာဖြစ်ပါတယ်။

Artifact ကို နိုဝင်ဘာမှာ Linux, Mac နဲ့ Windows PC အတွက် ဖြန့်ချိသွားမှာဖြစ်တယ်လို့ Valve က ထုတ်ပြန်ခဲ့ပါတယ်။ Android နဲ့ iOS ဗားရှင်းကိုတော့ ၂၀၁၉ ခုနှစ်မှာ မိတ်ဆက်သွားဖို့ စီစဉ်ထားပါတယ်။ Artifact ရဲ့ဈေးနှုန်းက ၁၉.၉၉ ဒေါ်လာ ဖြစ်ပါတယ်။

ဆီယက်တဲလ်က PAX West 2018 ကို တက်ရောက်သူတွေကတော့ ဂိမ်းကို စောလျင်စွာ ကစားနိုင်မယ့် အခွင့်အရေးတစ်ခု ရရှိမှာဖြစ်ပါတယ်။ Artifact ကို သြဂုတ် ၃၁ ရက်ကနေ စက်တင်ဘာ ၃ ရက်အထိ ကျင်းပမယ့် အဆိုပါ အခမ်းအနားမှာ ပထမဆုံး ပြသသွားမှာဖြစ်ပြီး ကစားသူတွေက ချန်ပီယံကို စိန်ခေါ်နိုင်မယ့်အခွင့်အရေးအတွက် ရှုံးထွက်ပြိုင်ပွဲတစ်ခုမှာ ယှဉ်ပြိုင်ရမှာဖြစ်တယ်လို့ Valve က ပြောကြားခဲ့ပါတယ်။ ကစားသူတွေဟာ Artifact item တွေကို ရရှိမှာဖြစ်သလို ဂိမ်းကို ဖြန့်ချိတဲ့အခါမှာလည်း အခမဲ့ကစားနိုင်စေမယ့် key နှစ်ခု ရရှိမယ်လို့ သိရပါတယ်။

Artifact ဟာ Dota 2 ကို အခြေခံထားတဲ့ digital card ဂိမ်းဖြစ်ပြီး Magic: The Gathering ကို ဖန်တီးတဲ့ Richard Garfield က ဒီဇိုင်းဆွဲထားတာ ဖြစ်ပါတယ်။

Artifact မှာ ကတ် ၂၈၀ ကျော် ပါဝင်ပြီး အဆိုပါ ကတ်တွေကို ကစားသူတွေက Steam ရဲ့ marketplace ကနေ ဝယ်ယူရောင်းချနိုင်တယ်လို့ သိရပါတယ်။

[foogallery id=”89709″]

Ref: Polygon

[ Unicode ]






[foogallery id=”89709″]

Ref: Polygon