Vaio SX14

[ Zawgyi ]

တန္ဖိုး – ကန္ေဒၚလာ ၁၉၉၉

အားသာခ်က္

စတုိင္က်တဲ့ ဒီဇုိင္း၊ အထူး ေပါ့ပါးတဲ့ အေလးခ်ိန္၊ ျမန္ဆန္တဲ့ စြမ္းေဆာင္ရည္၊ ေတာက္ပတဲ့ 4K display နဲ႔ ports ေတြ မ်ားစြာ ပါ၀င္တာက ဒီ Laptop ရဲ႕ အားသာခ်က္ပဲျဖစ္ပါတယ္။

အားနည္းခ်က္

Touchpad က ေသးငယ္တယ္လို႔ ျမင္ပါတယ္။ ေနာက္တစ္ခုက စပီကာပိုင္းက အားနည္းတယ္လို႔ ခံစားရပါတယ္။ ဘက္ထရီနဲ႔ ၄ နာရီေက်ာ္ေလာက္သာ အသုံးျပဳႏုိင္တာေတြက ဒီ Laptop ရဲ႕ အားနည္းခ်က္ျဖစ္ပါတယ္။

သုံးသပ္ခ်က္

Vaio SX14 က ေစ်းကြက္ထဲက Ultrabook ေတြလိုမ်ဳိးပဲ ဆြဲေဆာင္မႈအထူးရွိတဲ့အျပင္ ပါးလႊာၿပီး ေပါ့ပါးတဲ့ laptop တစ္လုံးျဖစ္ပါတယ္။ ႐ုပ္ထြက္ပိုင္း အထူးေကာင္းမြန္တဲ့ 4K display ၊ ျမန္ဆန္တဲ့ စြမ္းေဆာင္ရည္နဲ႔ အသုံးျပဳရတာ သက္ေသာင့္သက္သာရွိတဲ့ ကီးဘုတ္စနစ္ေတြက သေဘာက်စရာပါ။ သူ႔မွာ အသုံးျပဳထားတဲ့ 4K Display နဲ႔ CPU ရဲ႕ ပါ၀ါသုံးစြဲမႈ ျမင့္မား တာမ်ဳိးေၾကာင့္ ဘက္ထရီနဲ႔ အသုံးျပဳႏုိင္မႈက ပုံမွန္ Laptop တစ္လုံးရဲ႕ ၾကာခ်ိန္ေလာက္ပဲ ရွိသလုိ Touchpad အရြယ္အစားက အနည္းငယ္ေသးတာ၊ စပီကာပုိင္း သိပ္အားမရတာက လြဲရင္ ေစ်းကြက္ထဲက ထိပ္တန္း Ultrabook ေတြျဖစ္တဲ့ XPS13 နဲ႔ ThinkPad X1 Carbon တို႔လိုမ်ဳိး ဆြဲေဆာင္မႈအျပည့္ရွိတဲ့ Laptop တစ္လုံးျဖစ္ပါတယ္။

အေသးစိတ္ေဖာ္ျပခ်က္

ျမင္ကြင္းအက်ယ္ကေတာ့ ၁၄ လက္မရွိၿပီး ႐ုပ္ထြက္အရည္အေသြးကို 3840x2160p အထိ ေထာက္ပံ့ေပးႏုိင္ပါတယ္။ 8th Gen Intel Core i7-8565U CPU ကို အသုံးျပဳထားၿပီး RAM 16GB နဲ႔ အခ်က္အလက္ သိုေလွာင္ႏုိင္မႈကေတာ့ 1 TB (1000GB) PCIe SSD ကို တပ္ဆင္ထားပါတယ္။ ဂရပ္ဖစ္ပိုင္း အေနနဲ႔ Intel UHD Graphics 620 ေထာက္ပံ့ပါ၀င္ပါတယ္။ ၃.၁x၁.၇ လက္မအ ရြယ္အစား Touchpad ပါ၀င္ၿပီး Webcam ကေတာ့ 720p အမ်ဳိးအစား ျဖစ္ပါတယ္။ WiFi 802.11ac၊ Bluetooth 4.2 ေထာက္ပံ့ ပါ၀င္ပါတယ္။ HDMI ေပါက္၊ USB 3.1 Type-C ေပါက္၊ USB 3.1 ေပါက္၊ USB 3.0 ေပါက္နဲ႔ SD ကတ္ေပါက္၊ ေတြ ပါ၀င္ပါတယ္။

4K Display နဲ႔ ျမင္ကြင္းေတာက္ပမႈ 150 nits နဲ႔ WiFi ခ်ိတ္ၿပီး အင္တာနက္ အသုံးျပဳမႈကို ဘက္ထရီနဲ႔ ၄ နာရီနဲ႔ ၂၇ မိနစ္ ဝန္းက်င္ခန္႔ အသုံးျပဳႏုိင္တာက ပရီမီယံ Laptop တစ္လုံးရဲ႕ အသုံးျပဳႏိုင္မႈ ၾကာခ်ိန္ရဲ႕ တစ္၀က္ေလာက္ပဲ ရွိတယ္လို႔ ဆိုရမွာျဖစ္ပါတယ္။ အေလးခ်ိန္က ေတာ့ ၁.၀၄ ကီလိုဂရမ္ ( ၂.၃ ေပါင္) ရွိပါတယ္။

Ref: www.laptopmag.com

– ရဲထြဋ္၀င္း

[ Unicode ]

တန်ဖိုး – ကန်ဒေါ်လာ ၁၉၉၉

အားသာချက်

စတိုင်ကျတဲ့ ဒီဇိုင်း၊ အထူး ပေါ့ပါးတဲ့ အလေးချိန်၊ မြန်ဆန်တဲ့ စွမ်းဆောင်ရည်၊ တောက်ပတဲ့ 4K display နဲ့ ports တွေ များစွာ ပါ၀င်တာက ဒီ Laptop ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။

အားနည်းချက်

Touchpad က သေးငယ်တယ်လို့ မြင်ပါတယ်။ နောက်တစ်ခုက စပီကာပိုင်းက အားနည်းတယ်လို့ ခံစားရပါတယ်။ ဘက်ထရီနဲ့ ၄ နာရီကျော်လောက်သာ အသုံးပြုနိုင်တာတွေက ဒီ Laptop ရဲ့ အားနည်းချက်ဖြစ်ပါတယ်။

သုံးသပ်ချက်

Vaio SX14 က စျေးကွက်ထဲက Ultrabook တွေလိုမျိုးပဲ ဆွဲဆောင်မှုအထူးရှိတဲ့အပြင် ပါးလွှာပြီး ပေါ့ပါးတဲ့ laptop တစ်လုံးဖြစ်ပါတယ်။ ရုပ်ထွက်ပိုင်း အထူးကောင်းမွန်တဲ့ 4K display ၊ မြန်ဆန်တဲ့ စွမ်းဆောင်ရည်နဲ့ အသုံးပြုရတာ သက်သောင့်သက်သာရှိတဲ့ ကီးဘုတ်စနစ်တွေက သဘောကျစရာပါ။ သူ့မှာ အသုံးပြုထားတဲ့ 4K Display နဲ့ CPU ရဲ့ ပါ၀ါသုံးစွဲမှု မြင့်မား တာမျိုးကြောင့် ဘက်ထရီနဲ့ အသုံးပြုနိုင်မှုက ပုံမှန် Laptop တစ်လုံးရဲ့ ကြာချိန်လောက်ပဲ ရှိသလို Touchpad အရွယ်အစားက အနည်းငယ်သေးတာ၊ စပီကာပိုင်း သိပ်အားမရတာက လွဲရင် စျေးကွက်ထဲက ထိပ်တန်း Ultrabook တွေဖြစ်တဲ့ XPS13 နဲ့ ThinkPad X1 Carbon တို့လိုမျိုး ဆွဲဆောင်မှုအပြည့်ရှိတဲ့ Laptop တစ်လုံးဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

မြင်ကွင်းအကျယ်ကတော့ ၁၄ လက်မရှိပြီး ရုပ်ထွက်အရည်အသွေးကို 3840x2160p အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ 8th Gen Intel Core i7-8565U CPU ကို အသုံးပြုထားပြီး RAM 16GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 1 TB (1000GB) PCIe SSD ကို တပ်ဆင်ထားပါတယ်။ ဂရပ်ဖစ်ပိုင်း အနေနဲ့ Intel UHD Graphics 620 ထောက်ပံ့ပါ၀င်ပါတယ်။ ၃.၁x၁.၇ လက်မအ ရွယ်အစား Touchpad ပါ၀င်ပြီး Webcam ကတော့ 720p အမျိုးအစား ဖြစ်ပါတယ်။ WiFi 802.11ac၊ Bluetooth 4.2 ထောက်ပံ့ ပါ၀င်ပါတယ်။ HDMI ပေါက်၊ USB 3.1 Type-C ပေါက်၊ USB 3.1 ပေါက်၊ USB 3.0 ပေါက်နဲ့ SD ကတ်ပေါက်၊ တွေ ပါ၀င်ပါတယ်။

4K Display နဲ့ မြင်ကွင်းတောက်ပမှု 150 nits နဲ့ WiFi ချိတ်ပြီး အင်တာနက် အသုံးပြုမှုကို ဘက်ထရီနဲ့ ၄ နာရီနဲ့ ၂၇ မိနစ် ဝန်းကျင်ခန့် အသုံးပြုနိုင်တာက ပရီမီယံ Laptop တစ်လုံးရဲ့ အသုံးပြုနိုင်မှု ကြာချိန်ရဲ့ တစ်ဝက်လောက်ပဲ ရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ အလေးချိန်က တော့ ၁.၀၄ ကီလိုဂရမ် ( ၂.၃ ပေါင်) ရှိပါတယ်။

Ref: www.laptopmag.com