Vainglory အွန်လိုင်းဂိမ်းပြိုင်ပွဲနှင့် Halcyon Gathering ပြုလုပ်မည်

အွန်လိုင်းနဲ့ချိတ်ဆက်ကာ တစ်ဖက်ငါးယောက်ဆီ ကစားနိုင်တဲ့ Vainglory အွန်လိုင်းဂိမ်း ပြိုင်ပွဲနဲ့ Halcyon Gathering ကို နိုဝင်ဘာ ၃ ရက်မှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

တစ်ဖက်ငါးယောက်ဆီ ကစားရမယ့် 5v5 Mode နဲ့ Blitz Mode နှစ်မျိုး ပြုလုပ်သွားမှာဖြစ်ပါတယ်။ 5v5 အတွက် ပြိုင်ဆိုင်လိုတဲ့အသင်းတွေ အနေနဲ့ အောက်တိုဘာ ၂၄ ရက်အထိ Registration ကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Blith Mode အတွက် Registration ကိုတော့ အောက်တိုဘာ ၂၇ ရက်မှသာ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ 5v5 Mode မှာ အနိုင်ရရှိတဲ့ အသင်းအနေနဲ့ ဆုကြေးငွေနဲ့အတူ ဂိမ်းအတွင်း အသုံးပြုနိုင်မယ့် ICE 6000 ရရှိသွားမှာဖြစ်ပါ တယ်။

“ 5v5 အတွက် အောက်တိုဘာ ၂၆ ရက်မှာ အားလုံးပေါင်း အသင်း ၈ သင်းပတ်လည် ပြိုင်ရမှာပါ၊ Grand Final ကိုတော့ နိုဝင်ဘာ ၃ ရက်မှာပြုလုပ်သွားမှာပါ၊ ကျင်းပမယ့်နေရာကိုတော့ မဆုံးဖြတ်ရသေးပါဘူး”လို့ ပြိုင်ပွဲဖြစ်မြောက်ရေး Organizer ဖြစ်သူ ဦးစည်သူကောင်းဆက်က ပြောကြားခဲ့ပါတယ်။

-အောင်သက်ကို