v7.06f-Undying-The-Almighty-Dirge

ပြီးခဲ့တဲ့အပတ်က TI7 ပြီးနောက်မှာ Porpular ဖြစ်မှုအမှတ်စဉ် ၉၄ မှာ ချိတ်နေပြီး Rank ကစားရာမှာ အသုံးပြုလို့ကောင်းတဲ့ Phoenix အကြောင်းကို ရေးသားခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ Porpular ဖြစ်မှုနှုန်း (၉၂) နေရာကိုရောက်နေပေမယ့် Situational Pick နေရာမှာ ထည့်သွင်းစဉ်းစားနိုင်တဲ့ Strength Offlane Hero တစ်ကောင်ကို ဖော်ပြပေးချင်ပါတယ်။ ၎င်းကတော့ Undying,
The Almighty Dirge ပဲဖြစ်ပါတယ်။ Undying ဟာ လက်ရှိ v7.06f (TI7) Meta မှာတော့ တော်ရုံရွေးချယ်ခြင်း ခံရလေ့မရှိတဲ့ Hero တစ်ကောင်ဖြစ်ပြီး ဒီလို Porpular ဖြစ်နှုန်းဟာ New Journey Update မတိုင်ခင် ကတည်းက ဖြစ်ပါတယ်။ Undying ဟာ Dota 2 သက်တမ်း တစ်လျှောက်လုံးမှာလည်း လူကြိုက်များမှု နံပါတ် ၈၁ သာရှိပြီး Situational Pick hero တစ်ကောင် အဖြစ်သာ ရပ်တည်နေဆဲပါ။ ဒါပေမဲ့ Undying ဟာ New Journey Update မှာပါဝင်လာတဲ့ Talent စနစ်ကြောင့် သိသိသာ သာ ပြောင်းလဲသွားတဲ့ အားသာ ချက်များနဲ့ Hero ဆိုတာကိုတော့ လူအများ သတိမမူ၊ ဂူမမြင်ဖြစ်နေ တုန်းပါပဲ။ ဒီဆောင်းပါးမှာတော့ Undying ရဲ့ Talent အားသာချက်များကို အဓိက အကြံပြုသွား မှာဖြစ်ပါတယ်။

Abilities
Decay

Undying ကို Tank Hero အဖြစ် ကစားလေ့ရှိတဲ့အခါမှာ ၎င်းရဲ့ Decay ဟာ အသက်ဖြစ်ပါ တယ်။ Decay ဟာ ယေဘုယျ
Damage Output နည်းသယောင် ထင်ရတဲ့ AoE Nuke Ability တစ်ခုဖြစ်ပေမယ့် ၎င်းရဲ့ Damage Calculation ကတော့ ထူးခြားတဲ့ Ability တွေထဲက တစ်ခုဖြစ်ပါတယ်။ Decay ဟာ အသုံးပြုလိုက် တဲ့ AoE အတွင်းက Enemy Hero တစ်ကောင်ချင်းစီက 4 strength စီကို 45 seconds အကြာစုပ်ယူထားမယ့် Ability ဖြစ်ပါတယ်။ 4 strength ဟာ 80 Hp နဲ့ညီမျှပါတယ်။ တစ်ဆင့်စီ ပိုယူတဲ့အခါမှာ စုပ်ယူတဲ့ 4 strength ဆိုတဲ့ ပမာဏက ပြောင်းလဲမသွားပေမယ့် AoE 20/160/100/140 Damage ဆိုပြီး တိုးလာကာ Duration ကတော့ 10/8/6/4 seconds ဆိုပြီး လျော့သွားမှာပါ။ ဒီအပိုင်းမှာ ယေဘုယျ တွက်ကြည့်တဲ့အခါ Decay ဟာ Damage နည်းတဲ့ Ability လို့ ထင်ရနိုင်ချေရှိပါတယ်။ နောက်ဆုံးအဆင့် Enemy Hero တစ်ကောင်ကို တိုက်ခိုက်တဲ့အခါ 4 Strength လျော့သွားတဲ့ 80 + 140 = 220 Damage သာရှိတယ်လို့ ထင်ရပါတယ်။ ဒါပေမဲ့ 4 strength ဟာ Attribute ကို တိုက်ရိုက် နှုတ်လိုက်တာ ဖြစ်ပါတယ်။ Armor, Magic Resistance စသည်တို့ကို မကြည့် ပါဘူး။ ဥပမာ သာမန် 220 Magic Damage နဲ့ 25% Magic Resistance ရှိတဲ့ Enemy Hero တစ်ကောင်ကို တိုက်ခိုက်တဲ့အခါ 220 – (25% Magic Resistance) = 165 Net Hp သာ လျော့သွားစေမှာ ဖြစ်ပါတယ်။ Decay ကတော့80 Hp နှုတ်ပြီးမှ 140 Magic Damage ကို သက်ရောက်မှာဖြစ် ပါတယ်။ 140 – (25% M.Resistance) = 105 Net Hp + 80 Hp = 185 Net Hp လျော့သွားမှာ ဖြစ်ပါတယ်။ AoE 325 ထဲမှာ Enemy Hero နှစ်ကောင်ရှိရင် 8 Strength (160 HP), ၃ ကောင်ရှိရင် 12 Strength (240 HP), ၄ ကောင်ရှိရင် 16 Strength (320 HP) နဲ့ ၅ ကောင်ရှိရင် (400 Hp) Undying ဆီမှာ လာပေါင်းနေမှာ ဖြစ်ပါတယ်။ Duration 45 Seconds အတွင်းမှာ 4 seconds cooldown ရှိတဲ့ Decay ကို (၁၂) ခါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Soul Rip

Single Target Healing/ Damage Ability ဖြစ်ပါတယ်။ အသုံးပြုခံရတဲ့ Unit ရဲ့ 1300 AoE အတွင်းမှာရှိတဲ့ သက်ရှိ Unit အရေအတွက်ပေါ် မူတည်ပြီး အနည်းအများ တွက်ချက်မှာဖြစ်ပါတယ်။ ယူထားတဲ့အဆင့် အလိုက် 10/12/14/16 အရေ အတွက်အထိ တွက်ချက်မှာဖြစ်ပြီး Heal/ Damage ပမာဏကတော့ 18/22/26/30 ဖြစ်ပါတယ်။ ဥပမာ Soul Rip ၄ ဆင့်ယူထားပြီး အသုံးပြုမယ့် Unit ရဲ့ 1300 AoE အတွင်းမှာတွက်စရာ Unit ၁၅ ခုရှိတယ်ဆိုပါစို့။ 15 x 30 = 450 Heal/ Damage သက်ရောက်စေပါမယ်။ (Lane Creep, Catapult, Visible Hero, Neutral Creep, Courier, Summon Unit, Tombstone’s Zombie များကို Unit အဖြစ် တွက်ချက်မှာဖြစ်ပါတယ်)

Tombstone

အသုံးပြုလိုက်တဲ့ နေရာမှာ Hp 4/5/6/8 ရှိတဲ့ Tombstone ဟာ 15/20/25/30 Duration နဲ့ ထွက်ပေါ်လာမှာဖြစ်ပါတယ်။ အဆိုပါ Tombstone ရဲ့ 600/800/1000/1200 AoE အတွင်းမှာရှိသမျှ Non-Allied Unit များရဲ့ နံဘေးမှာ 3 seconds ခြားတစ်ခါ Zombie များ ထွက် ပေါ်လာမှာဖြစ်ပါတယ်။ Zombie များဟာ 33 Damage, 375 MS, 2 HP ရှိမှာဖြစ်ပြီး အတိုက်ခိုက်ခံရတဲ့ Unit ကို 7% MS Slow ကို သက်ရောက်စေမှာပါ။ တကယ်လို့ အတိုက်ခိုက်ခံရတဲ့ Unit ဟာ ၎င်း Hp ရဲ့ 20%/25%/30%/35% ထက်နည်းသွားရင် သို့မဟုတ် HP 100/200/300/400 Hp ထက် နည်းသွားရင်တော့ 562 MS, +50 Attack Speed ဆိုပြီး တိုးလာမှာ ဖြစ်ပါတယ်။ Zombie အဆင့်တင်ရင် တင်သလို AoE, Tombstone Hp, Duration စသည်ဖြင့် တိုးလာပေမယ့် Zombie များရဲ့ Hit Count, Damage ကတော့ မပြောင်းလဲ ပါဘူး။ (Tombstone ကို Skill 2 ဖြစ်တဲ့ Soul Rip နဲ့ သွားပြန်ဖြည့်လို့ ရပါတယ်။)

Ultimate Flesh Golem

AoE အတွင်းက Unit များ အားလုံးကို ပျော့သွားစေမယ့် Ultimate တစ်ခုလို့ အကြမ်းဖျင်း သတ်မှတ်နိုင်ပါတယ်။ Flesh Golem အသုံးပြုလိုက်တဲ့အခါ Undying ရဲ့ 750 AoE အတွင်းက Non-Allied Unit များအားလုံးဟာ 20%/25%/30% Damage Amplification တိုးနေမှာဖြစ်ပြီး Undying နဲ့နီးရင် နီးသလောက် အများဆုံး 20% အထိ MS Slow ကိုလည်း သက်ရောက်စေ မှာဖြစ်ပါတယ်။ အဆိုပါ 750 AoE အတွင်းက သေဆုံးသွားတဲ့ Enemy Unit တိုင်းဟာ Undying Max Hp ရဲ့ 2% နှုန်းနဲ့ Heal ပေးဦးမှာပါ။ Enemy Hero ဖြစ်ခဲ့ရင်တော့ 10% အထိ Heal ပေးပါလိမ့်မယ်။

Aghanim’s Scepter

v6.85 ကနေ စပြီး Undying ရဲ့ Aghanim’s Upgrade ဟာ Flesh Golem မှာ အကျိုးသက် ရောက်မှု မရှိတော့ဘဲ ၎င်းရဲ့ Decay Strength Steal ကို 10 Strength အထိ တိုးမြှင့်ပေးလိုက် တာကို တွေ့ရမှာပါ။ ထိုကာလများတုန်းကတော့ သိပ်မသိသာခဲ့တဲ့ Undying Aghanim’s ဟာ New Journey အပြီးမှာတော့ Undying ကို Play Style (၂) မျိုး ခွဲထွက်စေမယ့် Hero ဖြစ်သွား စေပါတယ်။

Talents

Lvl 10 >> +90 Gold/ Min (or) +15 Health Regen
Lvl 15 >> +300 HP (or) +35% Exp Gain
Lvl 20 >> +30 Movement Speed (or) +50 Zombie Damage
Lvl 25 >> -2s Decay Cooldown (or) +15 Armor

Undying ဟာ အတန်ဆုံး Talent ပိုင်ရှင်များထဲက တစ်ကောင် ဖြစ်ပါတယ်။ အကြောင်း အရင်းကတော့ Lvl 10 မှာ ရွေးချယ်ခွင့်ရတဲ့ Gold/Min Talent တွေထဲမှာ +90 ဟာ အများဆုံး ပမာဏဖြစ်ပါတယ်။ ဒါ့အပြင် +15 Hp Regen ဟာလည်း Lvl 10 တွေထဲမှာ အများဆုံးဖြစ်ပါတယ်။ Lvl 15 မှာရတဲ့ +300 HP ဟာလည်း Leshrac (400HP) နဲ့ Broodmother (350) ပြီးရင် တတိယအများဆုံးဖြစ်ပြီး 35% Exp Gain ဟာလည်း ပထမအများ ဆုံးဖြစ်ပါတယ်။ Lvl 25 မှာရရှိတဲ့ +15 Armor Talent ဟာလည်း Viper (+20 Armor) ပြီးရင် ဒုတိယအများဆုံးဖြစ်ပါတယ်။

Undying ဟာ New Journey Update ရဲ့ Talent စနစ်ကြောင့် သာမန် Durable Play Style အပြင် Aggressive Durable Style အဖြစ် ကစားနိုင်မှာတော့ မှာဖြစ်ပါတယ်။ မိမိကပွဲကို ဦးဆောင်ရမယ့် Core Hero စစ်စစ်ဖြစ်နေရင်တော့ Aggressive ဆန်တဲ့ Talent Build ကို ရွေးချယ် နိုင်ပါလိမ့်မယ်။

Lvl 10 မှာတော့ Talent ၂ ခုစလုံးဟာ ရွေးချယ်ချင်စရာ ကောင်းပါတယ်။ +90 GPM ဟာရိုးရိုးရှင်းရှင်းအလုပ်ဖြစ်တဲ့ Talent ဖြစ်လို့ လူကြိုက်များပေမယ့် တစ်ဖက်က +15 HP Regen Talent ဟာလည်း လိုတာထက် ပိုအားသာချက် ရှိတဲ့ Talent တစ်ခုဖြစ်ပါတယ်။ +15 Hp Regen ဆိုတဲ့ ပမာဏဟာ Abyssal Blade မှာသာ ရရှိနိုင်တဲ့ ပမာဏ ဖြစ်ပါတယ်။ အခြား Vanguard, Hood, Crimson Guard တို့လို့ HP Regen သိသိသာသာပေးတဲ့ Item တွေတောင် 8 Hp Regen လောက်သာရှိပါတယ်။ Undying ရဲ့ Decay ဟာ Strength စုပ်ယူလိုက်တာဖြစ်လို့ Hp Pool မြင့်မား လာတဲ့အခါ လိုတာထက် ပို Tank ဖြစ်အောင်၊ Non-Stop Teamfight များ လုပ်နိုင်အောင် +15 Hp Regen ဟာ ရွေးချယ်ဖို့ ပိုမို ထိုက်တန်ပါတယ်။

Durable Hero တစ်ကောင်ဖြစ်တဲ့ Undying မှာ +300 Hp ထည့်သွင်းထားခြင်းက Direct Buff တစ်ခုလို့ ပြောနိုင်တဲ့အတွက် ရိုးရှင်းစွာ ရွေးချယ်နိုင်ပါတယ်။ ဒါပေမဲ့ ပွဲအစမှာကတည်းက Hero Draft, Position, Lane, Play Style တို့ကို စဉ်းစားပြီးလို့ Aghanim’s Scepter စပ်မယ်လို့ ဆုံးဖြတ်ထားရင်တော့ Lvl 15 မှာ +35% Exp Gain Talent ကိုယူဖို့ အကြံပြုလိုပါတယ်။ များသောအားဖြင့် Lvl 15 ထိရောက်ပြီးတဲ့ Hero တစ်ကောင်အနေနဲ့ Exp Talent တွေဟာ အလဟဿ        ရွေးချယ်မှု တစ်ခုလို့ သတ်မှတ်လေ့ရှိပေမယ့် Undying ဆိုတဲ့ Hero အတွက်တော့ ဒါဟာ မမှန်ပါဘူး။ Undying ဟာ Teamfight Initiator Durable Hero ဖြစ်ရုံမက၊ Enemy Hero ကိုပါ ပျော့သွားစေမယ့် Aggressive/ Harass Durable တစ်ကောင်လည်း ဖြစ်ပါတယ်။ Aghanim’s Decay ဟာ +10 Strength ကို စုပ်ယူမှာဖြစ်လို့ Cooldown နည်းလေ များများ စုပ် ယူနိုင်လေဖြစ်မှာဖြစ်တဲ့အတွက် Lvl 25 မြန်မြန်ရောက်ခြင်းဟာ ပွဲ နိုင်ခြင်းနဲ့ တိုက်ရိုက် အချိုးကျ ပါလိမ့်မယ်။
Lvl 20 Talent ရွေးချယ်မှုက တော့ Undying ရဲ့ Power Spike Talent မဟုတ်ပါဘူး။ ဒါကြောင့် မိမိစိတ်တိုင်းကျရွေး ချယ်နိုင်ပေမယ့် Base Movement Speed ကောင်းပြီးသား Undying လို Hero တစ်ကောင်အတွက် +30 Movement Speed ကိုရွေးချယ်ခြင်းက Enemy Team ကို အကျောပေးသလို ဖြစ်သွားပါလိမ့်မယ်။

Lvl 25 ရွေးချယ်မှုဟာလည်း အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ပါပဲ။ Core Undying အနေနဲ့တော့ -2 seconds Decay ဟာ လွန်စွာကောင်းမွန်တဲ့ ရွေးချယ်မှုဖြစ်တာ မှန်ပေမယ့် +15 Armor ကိုရွေးချယ်ရင်လည်း အကျိုးမယုတ်ပါဘူး။

အကြောင်းက Undying ဟာလည်း သာမန် Hero တစ်ကောင်လို Inventory (၆) ကွက်သာ ရှိတဲ့အတွက် ဖြစ်ပါတယ်။ မိမိရဲ့ကစားပွဲ
အခြေအနေကို လိုက်ပြီး ရွေးချယ်ရသော Durable Item များဖြစ်တဲ့ Crimson Guard, Pipe, Blade Mail, Mekansm စတဲ့ Item များဟာ Undying ရဲ့ Mana Pool ကို များလာစေမယ့် Item များ မဟုတ်ပါဘူး။ ဒါကြောင့် ဒီအခြေအနေမျိုးမှာ Lvl 25 မြန်မြန်ရောက်ပြီး -2s Decay Talent ကို ယူဖို့ ကြိုးစားတာထက် Right-Click DPS များကို ခုခံနိုင်ဖို့ စဉ်းစားတာ ပိုမှန်ပါလိမ့်မယ်။ Hp Regen အတွက်မပူရတဲ့ Undying အတွက် Soul Ring ဟာ အခြေခံ Item တစ်ခုအဖြစ် အသုံးဝင်ပြီး Drum, Atos, Blade Mail, Aghanim လို Item မျိုးကိုရွေးချယ်ရင်တော့ လိုတာထက်ပိုပြီး Aggressive ဆန်ဆန်ကစားခြင်းက ပိုမိုအကျိုးရှိစေ ပါလိမ့်မယ်။ Aggressive ဆန်ဆန် ဆော့စေချင်တဲ့ ရည်ရွယ်ချက်က Exp များများရစေဖို့ ဖြစ်တဲ့အ တွက် Team Fight တွေ တစ်ခုမကျန်လိုက်ဝင်ရင် ပြီးရောပုံစံ မဟုတ်ဘဲ မသေဘဲ ကြာကြာနေ တတ်ဖို့လည်း အရေးကြီးပါတယ်။

တော်တော်များများ သတိမထားမိတဲ့ v7.06f အရောက်များ ပြောင်းလဲသွားတဲ့ Undying ရဲ့ အဓိက အားသာချက်ကတော့ Tombstone Hit Count ကို Lvl 1 မှာ ၁ တိုးပေးလိုက်တဲ့အချက် ပါပဲ။ ဒါကြောင့် Lvl 1 Tombstone ဟာ 4 Hit Count နဲ့စတင်မှာဖြစ် လို့ Lvl 7 မှာ Tombstone ကို ဂိတ်ဆုံးတင်ရတဲ့ Defensive Undying Play Style အစား Aggressive Undying အဖြစ် အသုံးပြုလာနိုင်ခြင်းကြောင့် ဒီဆောင်းပါးမှာ Undying ကို ကောင်းမွန်တဲ့ Hero တစ်ကောင်အဖြစ် အကြံပြုရခြင်းဖြစ်ပါတယ်။

Tank Core Hero တွေ အားလုံး (Spectre, Omni, Wk, Abaddon, ..) အတွက် Counter Pick အဖြစ် ရွေးချယ်နိုင်ပေမယ့် DPS Range Hero တွေ (Drow, Sniper, Medusa, Weaver, Luna, Clinkz, … ) ကတော့ Undying ကို Counter မယ့် Hero တွေပဲဖြစ်ပါတယ်။ Aggressive Build အတွက် ယေဘုယျ Item ရွေးချယ်မှုကတော့ Blade Mail, Aghanim’s Scepter, Shiva Guard, Octarine Core, Bloodstone, Drum, Offering စသည်ဖြင့်ရှိပြီး ပုံမှန် Durable Undying အတွက်ကတော့ Crimson Guard, Pipe, Assault, Heart, Guardian Greaves, Lotus Orb စသည်တို့ ဖြစ်ပါတယ်။ Undying ဟာ Talent စနစ် အပြောင်းအလဲကြောင့် ယခင် ကထက် ပိုမိုကောင်းမွန်တဲ့ Heroဖြစ်လာတာ မှန်ပေမယ့် Public Matchmaking တွေမှာ ရင်ဆိုင်ရ မယ့် Enemy Hero များဟာ Undying ကို Counter လုပ်နိုင်တဲ့ Hero တွေ များနေတဲ့အတွက် First Pick Bara လိုမျိုး First Pick Undying ဆိုပြီး ရိုးရှင်းစွာ ကစားနိုင်တဲ့ Hero တစ်ကောင် တော့ မဟုတ်သေးပါဘူး။ မည်သို့ပင်ဆိုစေကာမူ မိမိနှစ်သက်သော ကစားကွက်သည်သာလျှင် မိမိအတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

-yahooyeeha