V7 အား Crown Gold color ဖြင့် ဝယ်ယူရရှိနိုင်မည်

V7+ ထွက်ရှိပြီးနောက်ဆက်တွဲအဖြစ် ထပ်မံတင်သွင်းရောင်းချမည့် V7 သည် FullViewTM Displayနှင့် 24MP အရှေ့ကင်မရာကိုထောက်ပံ့ပေးထားသည့်အပြင် Crown Gold color ဖြင့်လည်းထုတ်လုပ်ထားကြောင်းသိရပါသည်။

ပြီးခဲ့သည့် စက်တင်ဘာလဆန်းတွင် V7+ တင်သွင်းရောင်းချပြီးယခုကဲ့သို့ တစ်လကျော် ကွာခြားသည့် အချိန်မှ V7 ကို ပြည်တွင်းဈေးကွက်သို့ တင်သွင်းရောင်းချခြင်း ဖြစ်ပါသည်။

V7+ ကိုအနက်ရောင် တစ်မျိုးတည်းသာထုတ်လုပ်ရောင်းချခဲ့သော်လည်းယခုတင်သွင်းရောင်းချမည့် V7 မှာမူCrown Gold color ကိုပါ တွဲဖက်ထုတ်လုပ်ပြီးရောင်းချမည်ဖြစ်ကြောင်းသိရပါသည်။

V7 သည် အထက်တွင်ဖော်ပြထားသည့်အတိုင်းမျက်နှာပြင် လက်မအကျယ် 5.7 လက်မရှိသောFullViewTM Display, 24MP အရှေ့ကင်မရာတို့သာမက 16MP အနောက်ကင်မရာနှင့် 4GB RAM, 32GB ROM တို့ကိုထောက်ပံ့ပေးထားကြောင်းလည်းသိရပါသည်။

ထို့အပြင် V7 သည် V7+ ကဲ့သို့ပင် fingerprint scanner ကိုနောက်ကျောဘက်တွင် ထားရှိထားပြီး Face Access ဖြင့် lock ဖွင့်နိုင်သည့် စနစ်လည်းပါဝင်ကြောင်းသိရပါသည်။

V7 နှင့် ပတ်သက်သည့် specification အပြည့်အစုံ၊ အတိအကျကိုလက်ရှိအချိန်အထိတရားဝင် ထုတ်ပြန်ထားခြင်းမရှိသေးသကဲ့သို့ ရောင်းချမည့် ဈေးနှုန်းကိုလည်းတရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးကြောင်းတွေ့ရပါသည်။

အလားတူပင် V7 ကိုမည်သည့်အချိန်တွင် ပြည်တွင်းဈေးကွက်၌ စတင်ရောင်းချမည်ဟုလည်းတိကျသည့် သတင်းထုတ်ပြန်ချက် မရှိသေးပေ။ သို့ရာတွင် ယခု နိုဝင်ဘာလမကုန်မီ V7 အား ပြည်တွင်းဈေးကွက်တွင် ဝယ်ယူရရှိ နိုင်မည်ဟုသိရပါသည်။