UTS College မှ မြန်မာကျောင်းသားများအတွက် ပညာသင်ဆုများပေးအပ်မည်

ဩစတြေးလျတက္ကသိုလ် University of Technology Sydney (UTS) မှ မြန်မာကျောင်းသားများအတွက် ပညာသင်ဆုများပေးအပ်သွားမယ်လို့ သိရပါတယ်။

သြစတြေးလျ ထိပ်တန်းတက္ကသိုလ်ကြီး University of Technology Sydney (UTS) ကို တက်ရောက်ခွင့်ရရှိနိုင်ဖို့ Foundation, Diploma Program တွေ သင်ကြားပေးနေတဲ့ UTC College ကို ကျောင်းလျှောက်ပြီး Offer Letter ရရှိတာနဲ့ ပညာသင်ဆုတွေကို ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပေးအပ်မယ့်ပညာသင်ဆုတွေကတော့ Myanmar Friendship Scholarship AU$ 4,000 နဲ့ Channel Partner Scholarship AU$ 8,000 တို့ပဲဖြစ်ပါတယ်။

မြန်မာကျောင်းသားများအတွက် သီးသန့်ပေးအပ်တဲ့ ပညာသင်ဆုများ ဖြစ်ပြီး Myanmar Friendship Scholarship ဟာ မိမိတက်ရောက်မယ့် Program ရဲ့ ဝင်ခွင့်သတ်မှတ်ချက်တွေ အားလုံးကိုက်ညီတာနဲ့ အဆိုပါပညာသင်ဆုကို ရရှိမှာ ဖြစ်ပါတယ်၊။

Channel Partner Scholarship ကတော့ ၂၀၂၁ ခုနှစ်ရဲ့ ပထမစာသင်နှစ်ဝက် ကျောင်းဖွင့်ချိန်မှာ တက်ရောက်မယ့် ကျောင်းသားများအတွက် သီးသန့် ဖြစ်ပြီး အခြားပညာသင်ဆုများနဲ့ ပူးတွဲရယူခွင့်မရှိကြောင်း သိရပါတယ်။
အဆိုပါ ကျောင်းနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲကို ဇန်နဝါရီ ၉ ရက် ညနေ ၃ နာရီမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ပွဲတက်ရောက်လိုသူတွေ အနေနဲ့ BridgeBlue Myanmar

ဖုန်း – 09 452 777 507 နဲ့ 09 452 777 508 ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««