Using Google Scholar အွန်လိုင်းဟောပြောပွဲ ကျင်းပမည်

Using Google Scholar အွန်လိုင်းဟောပြောပွဲကို American Center Yangon မှ ပြုလုပ်ပေးသွားမယ် လို့သိရပါတယ်။

၂၀၂၀ ခုနှစ် နိုဝင်ဘာ ၆ ရက်၊ နေ့လယ် ၂ နာရီမှ ၃ နာရီအထိ Zoom မှတစ်ဆင့် ကျင်းပသွားမှာပါ။ သုတေသနအတွက် အခမဲ့ ပညာရပ်ဆိုင်ရာဆောင်းပါးများကို ရှာဖွေလိုသူတွေ၊ ဂူဂဲလ်ကိုအသုံးပြုပြီး ကိုယ်လိုချင်တဲ့ ဆောင်းပါးတွေကို ထိထိရောက်ရောက် ရှာဖွေပြီး သုတေသနစွမ်းရည်တွေ ပိုမိုကောင်းမွန်အောင် လုပ်ချင်လိုသူတွေ တက်ရောက်နိုင်ပါတယ်။ Zoom မှတစ်ဆင့် တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်ဆွေးနွေးကြမှာ ဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့် ဆွေးနွေးကြမှာဖြစ်ပါတယ်။

အမေရိကန်စင်တာရန်ကုန်နဲ့ မန္တလေးဂျက်ဖာဆန်စင်တာ အဆောက်အအုံတွေ ပိတ်ထားပေမယ့် အွန်လိုင်းမှ တစ်ဆင့် ဆက်သွယ်နိုင်မှာပါ။ ပွဲတက်ရောက်လိုသူတွေ အနေနဲ့ https://forms.gle/VX3wSjRojHdVJnS79) မှာစာရင်းပေးသွင်း တက်ရောက်နိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««