USB Restricted Mode ပါဝင္တဲ့ iOS 11.4.1 ကုိ Apple ျဖန္႔ခ်ိ

[ Zawgyi ]

Apple ဟာ လုံၿခဳံေရး feature သစ္ျဖစ္တဲ့ USB Restircted Mode ပါဝင္တဲ့ iOS 11.4.1 ကုိ ျဖန္႔ခ်ိခဲ့ပါတယ္။
ဥပေဒအဖြဲ႕အစည္းေတြနဲ႔ ပုဂၢလိကကုမၸဏီေတြက iPhone ရဲ႕ passcode ေတြကို ထိုးေဖာက္ၿပီး ကုမၸဏီရဲ႕ ပုံမွန္ encryption အကာအကြယ္ေတြကို ေရွာင္လႊဲရာမွာ အသံုးျပဳတဲ့ Lightning နဲ႔ခ်ိတ္ဆက္အသုံးျပဳမႈကုိ အကာအကြယ္ေပးဖုိ႔အတြက္ Apple က အခုလို feature ကို ထည့္သြင္းလိုက္တာ ျဖစ္ပါတယ္။

တကယ္လို႔ သုံးစြဲသူက Settings ထဲက Face ID (Touch ID) & Passcode ကုိၾကည့္မယ္ဆိုရင္ USB Accessories ဆိုတဲ့ toggle သစ္ကို ေတြ႕ရမွာ ျဖစ္ပါတယ္။ Default အေနနဲ႔ အဲဒီ switch ဟာ ပိတ္ေနမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ သုံးစြဲသူရဲ႕ iPhone ဒါမွမဟုတ္ iPad ဟာ တစ္နာရီေက်ာ္ၾကာ lock ျဖစ္သြားတာနဲ႔ ထုတ္ကုန္ကုိ ခ်ိတ္ဆက္ဖုိ႔ USB accessory ေတြကို iOS က ခြင့္ျပဳမွာ မဟုတ္ပါဘူး။ ရလဒ္အျဖစ္ GrayKey လိုမ်ိဳး စက္ပစၥည္းေတြနဲ႔လည္း iPhone ေတြကို ခ်ိတ္ဆက္ႏိုင္မွမဟုတ္ပါဘူး။ တကယ္လို႔ သုံးစြဲသူက iPhone lock ျဖစ္ၿပီးေနာက္ ခ်ိတ္ဆက္လုိတဲ့ accessory ေတြရွိရင္ နာရီအကန္႔အသတ္ option ကုိ ဖယ္ရွားပစ္ႏိုင္ပါတယ္။

သုံးစြဲသူရဲ႕ တစ္ကုိယ္ေရအခ်က္အလက္လုံၿခဳံကို ျမႇင့္တင္ဖို႔ USB Restricted Mode ကို Apple က အေကာင္အထည္ေဖာ္ခဲ့ပါတယ္။ ဒါေပမဲ့ သိမ္းဆည္းရရွိတဲ့ iPhone ေတြက သတင္းအခ်က္အလက္ေတြကို ရယူလိုတဲ့ ဥပေဒအဖြဲ႕အစည္းနဲ႔ အာဏာေတြနဲ႔ Apple အၾကား အျငင္းပြားမႈေတြ ရွိလာဦးမွာ ျဖစ္ပါတယ္။

“ကၽြန္ေတာ္တို႔အေနနဲ႔ ဟက္ကာေတြ၊ ကုိယ္ပုိင္အမွတ္အသား ခိုးယူသူေတြနဲ႔ တစ္ကိုယ္ေရ အခ်က္အလက္ကို ရယူမယ့္သူေတြ ရန္ကေန သုံးစြဲသူေတြကုိ ကာကြယ္ေပးဖို႔ Apple ထုတ္ကုန္တိုင္းမွာ လုံၿခဳံေရးကာကြယ္မႈေတြကုိ အားျဖည့္ေပးထားပါတယ္။ ကၽြန္ေတာ္တို႔အေနနဲ႔ ဥပေဒဘက္ေတာ္သားေတြကုိ ေလးစားမႈရွိပါတယ္။ သူတို႔ အလုပ္ကို အားထည့္လုပ္ကုိင္တဲ့အခါ စိတ္ပ်က္လက္ပ်က္ ျဖစ္ေစဖို႔ ကၽြန္ေတာ္တို႔ လုံၿခဳံေရး အဆင့္ျမႇင့္တင္မႈ လုပ္တာမဟုတ္ပါဘူး” လို႔ Apple က feature နဲ႔ပတ္သက္ၿပီး ထုတ္ျပန္ခဲ့ပါတယ္။

စိုးထက္
Ref: TheVerge

[ Unicode ]

Apple ဟာ လုံခြုံရေး feature သစ်ဖြစ်တဲ့ USB Restircted Mode ပါဝင်တဲ့ iOS 11.4.1 ကို ဖြန့်ချိခဲ့ပါတယ်။
ဥပဒေအဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေက iPhone ရဲ့ passcode တွေကို ထိုးဖောက်ပြီး ကုမ္ပဏီရဲ့ ပုံမှန် encryption အကာအကွယ်တွေကို ရှောင်လွှဲရာမှာ အသုံးပြုတဲ့ Lightning နဲ့ချိတ်ဆက်အသုံးပြုမှုကို အကာအကွယ်ပေးဖို့အတွက် Apple က အခုလို feature ကို ထည့်သွင်းလိုက်တာ ဖြစ်ပါတယ်။

တကယ်လို့ သုံးစွဲသူက Settings ထဲက Face ID (Touch ID) & Passcode ကိုကြည့်မယ်ဆိုရင် USB Accessories ဆိုတဲ့ toggle သစ်ကို တွေ့ရမှာ ဖြစ်ပါတယ်။ Default အနေနဲ့ အဲဒီ switch ဟာ ပိတ်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့် သုံးစွဲသူရဲ့ iPhone ဒါမှမဟုတ် iPad ဟာ တစ်နာရီကျော်ကြာ lock ဖြစ်သွားတာနဲ့ ထုတ်ကုန်ကို ချိတ်ဆက်ဖို့ USB accessory တွေကို iOS က ခွင့်ပြုမှာ မဟုတ်ပါဘူး။ ရလဒ်အဖြစ် GrayKey လိုမျိုး စက်ပစ္စည်းတွေနဲ့လည်း iPhone တွေကို ချိတ်ဆက်နိုင်မှမဟုတ်ပါဘူး။ တကယ်လို့ သုံးစွဲသူက iPhone lock ဖြစ်ပြီးနောက် ချိတ်ဆက်လိုတဲ့ accessory တွေရှိရင် နာရီအကန့်အသတ် option ကို ဖယ်ရှားပစ်နိုင်ပါတယ်။

သုံးစွဲသူရဲ့ တစ်ကိုယ်ရေအချက်အလက်လုံခြုံကို မြှင့်တင်ဖို့ USB Restricted Mode ကို Apple က အကောင်အထည်ဖော်ခဲ့ပါတယ်။ ဒါပေမဲ့ သိမ်းဆည်းရရှိတဲ့ iPhone တွေက သတင်းအချက်အလက်တွေကို ရယူလိုတဲ့ ဥပဒေအဖွဲ့အစည်းနဲ့ အာဏာတွေနဲ့ Apple အကြား အငြင်းပွားမှုတွေ ရှိလာဦးမှာ ဖြစ်ပါတယ်။

“ကျွန်တော်တို့အနေနဲ့ ဟက်ကာတွေ၊ ကိုယ်ပိုင်အမှတ်အသား ခိုးယူသူတွေနဲ့ တစ်ကိုယ်ရေ အချက်အလက်ကို ရယူမယ့်သူတွေ ရန်ကနေ သုံးစွဲသူတွေကို ကာကွယ်ပေးဖို့ Apple ထုတ်ကုန်တိုင်းမှာ လုံခြုံရေးကာကွယ်မှုတွေကို အားဖြည့်ပေးထားပါတယ်။ ကျွန်တော်တို့အနေနဲ့ ဥပဒေဘက်တော်သားတွေကို လေးစားမှုရှိပါတယ်။ သူတို့ အလုပ်ကို အားထည့်လုပ်ကိုင်တဲ့အခါ စိတ်ပျက်လက်ပျက် ဖြစ်စေဖို့ ကျွန်တော်တို့ လုံခြုံရေး အဆင့်မြှင့်တင်မှု လုပ်တာမဟုတ်ပါဘူး” လို့ Apple က feature နဲ့ပတ်သက်ပြီး ထုတ်ပြန်ခဲ့ပါတယ်။

စိုးထက်
Ref: TheVerge