USB-C ပါဝင္တဲ့ iPhone fast charger ဓာတ္ပံုမ်ား ထြက္ေပၚလာ

[Zawgyi]

iPhone အတြက္ Apple charger သစ္ရဲ႕ ဓာတ္ပံုေတြဟာ ဂ်ပန္ဝက္ဘ္ဆိုက္ Macotakara ကေန ထြက္ေပၚလာပါတယ္။ ဒါဟာ နမူနာပံုစံတစ္ခုသာ ျဖစ္ေပမယ့္ USB-C နဲ႔ fast charging စတဲ့ အဆင့္ျမွင့္တင္မႈႏွစ္ရပ္ ပါဝင္လာမယ္လို႔ ဆိုပါတယ္။

အဲ့ဒီ charger ရဲ႕ output ေတြက 5V / 3A (15W) နဲ႔ 9V / 2A (18W) ျဖစ္ပါတယ္။ ဒါဟာ ေဒၚလာ ၁,၀၀၀ တန္ iPhone X အပါအဝင္ လက္ရိွ Apple ဖုန္းေတြမွာ ပါဝင္တဲ့ 5W charger ထက္ ပိုမိုမ်ားျပားတဲ့ပမာဏ ျဖစ္ပါတယ္။ 12W iPad charger ေတာင္မွ အဆိုပါ charger သစ္ထက္ ပိုေႏွးပါတယ္။

ဒီစြမ္းအင္ေတြဟာ USB-C port တစ္ခုကေန ထြက္လာမွာျဖစ္တာေၾကာင့္ သံုးစြဲသူေတြအေနနဲ႔ USB-C to Lightning cable တစ္ခုနဲ႔ အသံုးျပဳႏိုင္မယ့္ အဓိပၸာယ္ျဖစ္ပါတယ္။ ဒါေၾကာင့္ iPhone ကို USB-A port ေတြ မပါဝင္တဲ့ MacBook နဲ႔ ခ်ိတ္ဆက္ဖို႔အတြက္ ေဒၚလာ ၂၀ တန္ ေကဘယ္ႀကိဳးမလိုဘဲ အသံုးျပဳႏိုင္ေစမွာ ျဖစ္ပါတယ္။

ဒါေပမဲ့ အဆိုပါ charger သစ္ကို သီးျခားေရာင္းခ်မလား၊ အသစ္ထြက္မယ့္ iPhone ေတြမွာ တစ္ပါတည္း ထည့္သြင္းေပးမလား ဆိုတာကိုေတာ့ အေသအခ်ာ မသိရေသးပါဘူး။

-ေနာင္ေနာင္
Ref: GSMArena

[Unicode]

iPhone အတွက် Apple charger သစ်ရဲ့ ဓာတ်ပုံတွေဟာ ဂျပန်ဝက်ဘ်ဆိုက် Macotakara ကနေ ထွက်ပေါ်လာပါတယ်။ ဒါဟာ နမူနာပုံစံတစ်ခုသာ ဖြစ်ပေမယ့် USB-C နဲ့ fast charging စတဲ့ အဆင့်မြှင့်တင်မှုနှစ်ရပ် ပါဝင်လာမယ်လို့ ဆိုပါတယ်။

အဲ့ဒီ charger ရဲ့ output တွေက 5V / 3A (15W) နဲ့ 9V / 2A (18W) ဖြစ်ပါတယ်။ ဒါဟာ ဒေါ်လာ ၁,၀၀၀ တန် iPhone X အပါအဝင် လက်ရှိ Apple ဖုန်းတွေမှာ ပါဝင်တဲ့ 5W charger ထက် ပိုမိုများပြားတဲ့ပမာဏ ဖြစ်ပါတယ်။ 12W iPad charger တောင်မှ အဆိုပါ charger သစ်ထက် ပိုနှေးပါတယ်။

ဒီစွမ်းအင်တွေဟာ USB-C port တစ်ခုကနေ ထွက်လာမှာဖြစ်တာကြောင့် သုံးစွဲသူတွေအနေနဲ့ USB-C to Lightning cable တစ်ခုနဲ့ အသုံးပြုနိုင်မယ့် အဓိပ္ပာယ်ဖြစ်ပါတယ်။ ဒါကြောင့် iPhone ကို USB-A port တွေ မပါဝင်တဲ့ MacBook နဲ့ ချိတ်ဆက်ဖို့အတွက် ဒေါ်လာ ၂၀ တန် ကေဘယ်ကြိုးမလိုဘဲ အသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ အဆိုပါ charger သစ်ကို သီးခြားရောင်းချမလား၊ အသစ်ထွက်မယ့် iPhone တွေမှာ တစ်ပါတည်း ထည့်သွင်းပေးမလား ဆိုတာကိုတော့ အသေအချာ မသိရသေးပါဘူး။

-နောင်နောင်
Ref: GSMArena