UOW Malaysia KDU Penang University College မှ ပညာသင်ဆု RM 8,000 အထိ ပေးအပ်မည်

University of Wollongong ရဲ့ မလေးရှားတက္ကသိုလ် ကျောင်းခွဲ UOW Malaysia KDU Penang University College ရဲ့ အိုင်တီဘာသာရပ်တွေကို ပညာသင်ဆု RM 8,000 အထိ လျှောက်ထား တက်ရောက်နိုင်မယ်လို့ သိရပါတယ်။

အဆိုပါကောလိပ်သို့ (၁၀) တန်း ၊ IGCSE, GCE ‘O’ Level ပြီးထားသူတွေ တက်ရောက်လိုပါက Diploma တန်း (သို့) Foundation Year မှ စတင်တက်ရောက်နိုင်ပြီး အင်္ဂလိပ်စာဝင်ခွင့် သတ်မှတ်ချက်ကတော့ IELTS (4.0-6.0) (သို့) TOEFL iBT 30-60/ PBT 397-488 အတွင်း တစ်ခုခုရှိထားဖို့ လိုအပ်ပါတယ် ။ KDU မှာ Diploma in Sequential Art, Diploma in Computer Studies ကိုလည်းကောင်း၊ Single Award Programmes တွေဖြစ်တဲ့ Bachelor of Arts (Hons) Digital Media Production , Bachelor of Game Development (Hons), Bachelor of Computer Science (Hons) , Bachelor of Information Systems (Hons) Enterprise Information Systems တွေကိုလည်းကောင်း၊ Australian University of Wollongong (UOW) ရဲ့ Dual Award ရယူချင်သူတွေ အတွက် Bachelor of Computer Science (Hons), Bachelor of Software Engineering (Hons) တွေကိုလည်းကောင်း ရွေးချယ် တက်ရောက်နိုင်ပါတယ်။

Bachelor Year (3) မှာ Internship ပါဝင်ပြီး Dual Award Bachelor Program တက်ရောက်သူတွေအနေနဲ့ Bachelor ပြီးပါက Industry Placement (8 weeks) ကို UOW Australia Campus မှာ without credit ပြုလုပ်နိုင်ပြီး UOW Malaysia KDU Campus ရဲ့ 8 credits Internship module award ကို ရယူနိုင်မယ်လို့ သိရပါတယ်။ ဘွဲ့ရပြီး Postgraduate Program ကို ဆက်လက်တက်ရောက်ချင်သူတွေအနေနဲ့ Master in Computer Science (Hons) , Doctor of Philosophy (Computer Science) တွေကိုတက်ရောက်နိုင်ပြီး ကျောင်းဖွင့်ချိန်တွေကတော့ မတ်၊ ဇွန် နဲ့ စက်တင်ဘာလတွေမှာပဲ ဖြစ်ပါတယ်။

ပညာသင်ဆုလျှောက်ထားလိုသူတွေ အနေနဲ့ MSI ပညာရေးဝန်ဆောင်မှု ဖုန်း – ၀၉၅၁၀၃၉၁၅ ,၀၉၄၂၀၀၃၇၆၁၆ ကိုဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««