University of Southampton နှင့် ဗြိတိသျှကောင်စီတို့မှ ပူးတွဲပို့ချမည့် အခမဲ့ အွန်လိုင်းသင်တန်း တက်ရောက်ရနá€

Understanding-Language.gif

University of Southampton နှင့် ဗြိတိသျှကောင်စီတို့မှ ပူးတွဲပို့ချမည့် နိုဝင်ဘာလ ၁၇ ရက်တွင် စတင်မည်ဖြစ်သော “Understanding Language: Learning and Teaching” အခမဲ့ အွန်လိုင်းသင်တန်းကို တက်ရောက်လိုသူများ စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း ဗြိတိသျှကောင်စီမှ သိရသည်။

Applied Linguistics and English Language Teaching ဘာသာရပ်ကို ဘွဲ့လွန် သင်တန်းများ ပို့ချလျက်ရှိသော University of Southampton နှင့် ဗြိတိသျှကောင်စီတို့၏ ပူးတွဲပို့ချသော အဆိုပါသင်တန်းတွင် English Language Teaching ELT MA  မဟာဘွဲ့သင်တန်းမှ အယူအဆတချို့ကို မိတ်ဆက်ပေးမည်ဖြစ်ပြီး သင်တန်းကာလ လေးပတ်ကြာမည် ဖြစ်ကာ  တစ်ပတ်လျှင် ၃ နာရီခန့်အချိန်ပေးရန် လိုအပ်မည်ဖြစ် ကြောင်း သိရသည်။

သင်တန်းသည် ဘာသာစကားဖွံ့ဖြိုးရေးနှင့် ဘာသာစကားသင်ကြားရေးကို စိတ်ဝင်စားသောဘွဲ့ရပြီး (အင်္ဂလိပ်ဘာသာ အဆင့်C1 level on CEFR သို့မဟုတ် အနည်းဆုံး IELTS band score 7 ရနိုင်သူ)  အင်္ဂလိပ်စာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက်  ရည်ရွယ်သော်လည်း စိတ်ဝင်စားသူ မည်သူမဆို အကန့်အသတ်မရှိ တက်ရောက်နိုင်ပြီး https://www.futurelearn.com/courses/understanding-language သို့  သွားရောက် ကြိုတင်စာရင်းပေးရမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် ဘာသာစကားလေ့လာသင်ကြားမှု၌ အကောင်းဆုံးသော တွေ့ရှိချက်များနှင့် နည်းဗျူဟာများကို မိတ်ဆက်ပေးမည်ဖြစ်ပြီး သင်တန်းပြီးဆုံးသောအခါ ဘာသာစကားကို ထိရောက်စွာ သင်ကြားလေ့လာရာတွင် မည်သည်တို့ကို လိုအပ်သည်ကို သိရမည်ဖြစ်သည်။ ထို့အပြင်ဒုတိယဘာသာစကား လေ့လာခြင်းနှင့် အဘယ်ကြောင့် ဘာသာစကား လေ့လာခြင်းဆိုသည့် အကြောင်းများကို ရှင်းလင်းသင်ပြခြင်း၊ စာသင်ခန်းများ၏ ကဏ္ဍကိုထည့်သွင်းစဉ်းစားကာ ဘာသာစကားလေ့လာခြင်းတွင် သင်ကြားမှု၏ သက်ရောက်မှုကို ရှင်းပြခြင်း၊ နည်းပညာအသုံးချမှုနှင့် ဘာသာစကား လေ့လာမှုအပေါ် ၎င်း၏ အကျိုးကျေးဇူးများနှင့် စိန်ခေါ်မှုများကို လေ့လာခြင်းတို့ ပါဝင်မည်ဖြစ် သည်။ အဆုံးသတ်တွင် ကမ္ဘာ့အသုံးအများဆုံး၊ သင်ယူမှု သင်ကြားပေးမှု အများဆုံးဖြစ်သည့် အင်္ဂလိပ်ဘာသာအား လေ့လာခြင်းကိုစူး စမ်းလေ့လာရမည်ဖြစ်ပြီး အင်္ဂလိပ်စာသည် အဘယ်ကြောင့် ထိပ်ဆုံးနေရာကိုရနေသည်၊ သင်ကြားရေး ပေါ်လစီနှင့် အခြား ဘာသာစကားများအပေါ် အင်္ဂလိပ်စာ၏ ပျံ့နှံ့မှုများကိုလည်း ထည့်သွင်း ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် ပဟေဠိများ၊လေ့ကျင့်ခန်းများ၊ ဆွေးနွေးပွဲများနှင့် ကမ္ဘာအရပ်ရပ်တွင် ရိုက်ကူးထားသော ဗီဒီယိုများ ပါဝင်ကာဗီဒီယိုများထဲတွင် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ ဗြိတိသျှကောင်စီမှ ဆရာ၊ ဆရာမများ၊ University of Southampton မှ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများပါဝင်သည်။ သင်တန်းတစ်လျှောက်တွင်လည်း ထင်မြင်ချက်များနှင့် အကြံဉာဏ်များ ဖလှယ်ကြသည့် ဆွေးနွေးပွဲများကို နားထောင် ရမည်ဖြစ်ပြီး တက်ရောက်သူများကိုယ်တိုင်လည်း ပါဝင်ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတက်ရာတွင် PC နှင့် laptop များဖြင့်သာမက tablet နှင့် မိုဘိုင်းဖုန်းများဖြင့်လည်း လွယ်ကူစွာ အသုံးပြုနိုင်ပြီး  ဗီဒီယိုကြည့်ရှုရန် အင်တာနက်နှေးကွေးနေပါက ဗီဒီယိုပါအကြောင်းအရာ အားလုံးကို pdf ဖိုင်ဖြင့် download ရယူသိမ်းဆည်းဖတ်ရှုနိုင်မည်ဖြစ်သည်။

ဗြိတိသျှကောင်စီ၏ မြန်မာနိုင်ငံ ညွှန်ကြားရေးမှူး KevinMackenzie က သင်တန်း အစမှအဆုံး လုံးဝအခမဲ့ဖြစ်ပြီး သင်တန်းဆင်းလက်မှတ် “Statement of Participation” ကို နိုင်ငံတကာသုံး credit card ရှိပါက ဝယ်ယူလိုပါက ဝယ်ယူခွင့်ပြုထားမည် ဖြစ်ကြောင်း၊ သင်တန်းတက်ရန် သက်သက်ဆိုပါက ငွေကြေးကုန်ကျမှု လုံးဝမရှိကြောင်းပြောကြားသည်။ ယခုနိုဝင်ဘာလတွင် ဖွင့်မည့်သင်တန်း၌ သင်ပြမည့် အင်္ဂလိပ်ဘာ သာ အဆင့်မြင့်သည့်အတွက် C1 level on CEFR သို့မဟုတ် IELTS ရမှတ် အနည်းဆုံး ၇ ရနိုင်သူများသာ တက်ရောက်ရန် တိုက်တွန်းကြောင်း ပြောကြားသွားသည်။

“Understanding Language: Learning and Teaching” အခမဲ့ အွန်လိုင်းသင်တန်း အကြောင်းအသေးစိတ် ထပ်မံသိရှိလိုပါက ဗြိတိသျှကောင်စီ၏ Myanmar Network ဝက်ဘ်ဆိုက် www.myanmar-network.net တွင်ဝင်ရောက်ကြည့်ရှုနိုင်သည်။