University of Windsor သို့ ကနေဒါ အစိုးရ အသိအမှတ်ပြု ၁၂ တန်း ပညာရေး ပြီးထားသူများ လျှောက်ထားနိုင်

University of Windsor သို့ ကနေဒါ အစိုးရ အသိအမှတ်ပြု ၁၂ တန်းပညာရေး (သို့) Ontario Secondary School Diploma ပြီးထားသူတွေ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

University of Windsor မှာ Business Administration, Communication Media and film, Economics, Civil Engineering, Engineering Technology, Computer Science, Education အစရှိသဖြင့် ဘာသာရပ်တွေကို လေ့လာနိုင်မှာဖြစ်ပြီး ဘာသာရပ်အများစုတွင် ကျောင်းသား၊ကျောင်းသူတွေအတွက် Co-op Education Option ရှိထားခြင်းပဲ ဖြစ်ပါတယ်။

University of Windsor ဟာ ကနေဒါနိုင်ငံရဲ့ National Ranking မှာ အဆင့် ၂၂ နေရာမှာ ရပ်တည်နေတဲ့ အတွက် ကနေဒါနိုင်ငံရဲ့ တက္ကသိုလ်ကောင်း တစ်ခုပဲ ဖြစ်ပါတယ်။ ကျောင်းလခ အနေနဲ့ ကတော့ ဘာသာရပ်ပေါ်မူတည်ပြီး တစ်နှစ်စာ ပျမ်းမျှ စာသင်စရိတ် ကန်ဒေါ်လာ ၁၇,၆၀၀ -၂၀,၀၀၀ နီးနီးလောက်သာ ကုန်ကျမှာဖြစ်ပြီး ကျောင်းဝင်ခွင့်အနေနဲ့ကတော့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ကနေဒါအစိုးရ အသိအမှတ်ပြု ၁၂ တန်း ပညာရေး သို့ OSSD(Ontario Secondary School Diploma) ပြီးထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

University of Windsor တက္ကသိုလ် ဝင်ခွင့်နဲ့ပတ်သက်ပြီး CROWN Education ရဲ့ ဖုန်း – ၀၉၉၇၇၉၇၇၂၀၀ သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««