University of Western Australia ၏ ၂၀၂၁ ကျောင်းဖွင့်ချိန်အတွက် လျှောက်ထားနိုင်

ဩစတြေးလျနိုင်ငံ University of Western Australia (UWA) သို့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ကျောင်းဖွင့်ချိန် အတွက် MSI Overseas Education မှ လျှောက်ထားနိုင်မယ်လို့ သိရပါတယ်။

Foundation တန်းပြီးဆုံးပါက UWA ရဲ့ ဘွဲ့ဒီဂရီတန်း ပထမနှစ်မှ စတင် တက်ရောက်နိုင်ပြီး Diploma ပြီးဆုံးပါက ဘွဲ့ဒီဂရီတန်း ဒုတိယနှစ်မှ စ၍ တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။ IGCSE, GCE ‘O’ Level, GCE ‘A’ Level/AS Level နဲ့ IB ပြီးထားသူများ အတွက် Transcript မှာပါတဲ့ English Score qualified ဖြစ်ပါက English Test ကင်းလွတ်ခွင့်ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ဘွဲ့ဒီဂရီတန်းတွေဖြစ်တဲ့ Bachelor of Advanced Computer Science (BACS), Bachelor of Arts (BA), Bachelor of Automation and Robotics (BAR), Bachelor of Biomedical Science (BBmS), Bachelor of Business (BBuS), Bachelor of Commerce (BCom),Bachelor of Environmental Design (BEnvDes), Bachelor of Philosophy (Bphil) (Honours), Bachelor of Philosophy, Politics and Economics (BPPE), Bachelor of Science (BSc) စတဲ့ Programmes များကို ရွေးချယ်တက်ရောက်နိုင်ပါတယ် ။

အွန်လိုင်းနဲ့သင်ယူဖို့ Virtual စာသင်ခန်း ၊ သင်ရိုးညွှန်းတမ်းများ ၊ LMS/VLE ကို ဝင်ရောက်ပြီး အကဲဖြတ်မှုများ ပြုလုပ်ရန်အတွက် နည်းပညာပိုင်းနဲ့ ပတ်သက်ပြီး ပြင်ဆင်ထားဖို့ လိုအပ်မယ်လို့ သိရပါတယ်။ တက်ရောက်လိုသူတွေ အနေနဲ့ MSI Overseas Education ဖုန်း – ၀၉၅၁၀၃၉၁၅ နဲ့ ၀၉၄၂၀၀၃၇၆၁၆ ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

-သန္တာ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««