University of Sunderland, UK မှ တိုက်ရိုက်ပေးအပ်မည့် BA (Hons) Business and Management နောက်ဆုံးနှစ်အတွက် လျှောက်လွှာခေါ်ယူ

HND, ABE Level 5, NCC Advanced Diploma အောင်မြင်ပြီးသူတွေအတွက် British University College နဲ့ University of Sunderland, UK တို့ပူးပေါင်းဖွင့်လှစ်သွားမယ့် BA (Hons) in Business and Management (Final Year) အောက်တိုဘာလ ကျောင်းဖွင့်ချိန်အတွက် လျှောက်လွှာခေါ်ယူနေပါတယ်။

University of Sunderland, UK မှာ သင်ကြားပေးတဲ့ Academic Quality အတိုင်းသင်ကြားပေးမှာဖြစ်သလို University of Sunderland မှ တိုက်ရိုက် အထောက်အပံ့ပေးအပ်မှာ ဖြစ်တဲ့အတွက် UK မှကျောင်းသား/သူ နည်းတူ အထောက်အပံ့ အပြည့်အဝရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ မီလီယံပေါင်းများစွာရှိတဲ့ Research Papers, Textbooks, bibliography အစရှိတဲ့ Academic Resources တွေကို 24 Hours e-library မှ တစ်ဆင့် လေ့လာနိုင်မှာဖြစ်ပြီး University of Sunderland, UK ရဲ့ Business ဘာသာရပ်တွေဟာ အင်္ဂလန်နိုင်ငံမှာ overall Ranked 3 ရရှိထားပြီး QS Star Ratings မှာ 4 stars ရရှိထားတယ်လို့ဆိုပါတယ်။ University of Sunderland မှာတက်ရောက်တဲ့ ကျောင်းသား/သူများ နည်းတူ Qualification အတူတူ ရရှိမှာဖြစ်ပြီး University of Sunderland, UK မှ တိုက်ရိုက် Approved ရရှိထားတဲ့ အတွေ့အကြုံများစွာရှိသော Local and Foreign Lecturers တွေကနေ သင်ကြားပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ကျောင်းသား/သူများအတွက် ပြင်ပလုပ်ငန်းများလေ့လာနိုင်စေရန် Industry visits တွေ၊ နိုင်ငံခြား Professor တွေရဲ့ Workshop တွေ၊ Event တွေကို ပြုလုပ်ပေးမယ့်အပြင် University of Sunderland, UK မှကျင်းပမယ့် Graduation Ceremony မှာ နိုင်ငံတကာ ကျောင်းသားတွေနဲ့အတူ တက်ရောက်ရယူနိုင်မှာဖြစ်ပါတယ်။

တက်ရောက်လိုသူတွေ အနေနဲ့ British University College ဖုန်း – ၀၉၄၂၆၂၆၅၅၅၂ နဲ့ ၀၉၄၂၆၂၆၅၅၅၁ ကိုဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««