University of Sunderland မှဘာသာရပ်များကို ပြည်တွင်း၌ သင်ကြားတက်ရောက်ပြီး ဘွဲ့ဒီဂရီများ ရယူနိုင်မည်

အင်္ဂလန်နိုင်ငံအစိုးရတက္ကသိုလ်တစ်ခု ဖြစ်တဲ့ University of Sunderland မှ ဘာသာရပ်တွေကို British University College မှာတက်ရောက်ပြီး ဘွဲ့ဒီဂရီတွေရယူနိုင်မယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁ ရက်က ပြုလုပ်တဲ့ BRITISH UNIVERSITY COLLEGE နဲ့ မြန်မာနိုင်ငံမှာ သင်ကြားပို့ချပေးမယ့် ဘာသာရပ်ဆိုင်ရာသင်တန်းမိတ်ဆက် အခမ်းအနားမှ သိရပါတယ်။ နိုင်ငံတကာ ဘာသာရပ်တွေကို ပြည်တွင်းမှာ သင်ကြားပေးမယ့် Ranked 2 အဆင့်ရှိ International Tourism & Hospitality Management, Ranked 3 အဆင့်ရှိ Business and Management Programme တွေအပြင် Skill Development Ranked 1 အဆင့်ရှိ MBA Programme ၊ နိုင်ငံတကာတက္ကသိုလ်တွေကို တက်ရောက်ချင်သူတွေအတွက် International Foundation Programme စတဲ့ ဘာသာရပ်တွေ တက်ရောက်သင်ကြားနိုင်မှာ ဖြစ်ပါတယ်။

“University of Sunderland (UK) ရဲ့ ဒီ Program တွေကို ကျောင်းသားတွေက British University College မှာတက်ရောက်မယ်ဆိုရင် ရတဲ့ Benefit က အင်္ဂလန်မှာ ၃ နှစ်တက်ရောက်ရမယ့် Program ဆိုရင် ပြည်တွင်း ၂ နှစ်တက်ရုံနဲ့ ကျောင်းပြီးသွားမယ်။ ဟိုနိုင်ငံမှ တက်ရောက်တဲ့ ကျောင်းသားတွေနဲ့ တန်းတူ သင်ကြားနိုင်မှာဖြစ်တယ်” လို့ British University College မှ တာ၀န်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။