University of Portsmouth မှ မြို့ပြအင်ဂျင်နီယာမဟာဘွဲ့တန်း အတွက် ၁၀၀ ရာခိုင်နှုန်းပညာသင်ဆု ပေးအပ်မည်

ယူကေနိုင်ငံ University of Portsmouth က ပေးအပ်ချီးမြှင့်တဲ့ မြို့ပြအင်ဂျင်နီယာမဟာဘွဲ့ (MSc Civil Engineering) ကို ၁၀၀ ရာခိုင်နှုန်းပညာသင်ဆု ဖြင့် Chindwin-PSB Institute မှာ တက်ရောက်နိုင်မှာဖြစ်ပါတယ်။

University of Portsmouth ဟာဆိုရင် လက်ရှိ QS Ranking မှာ 5-star ရရှိထားပြီး ယူကေနိုင်ငံမှာ ကျောင်းသားများရဲ့ စာသင်ယူမှုအပေါ် စိတ်ကျေနပ်အားရမှု 86% အထိ ရရှိထားတဲ့အပြင် သင်ကြားမှုအပိုင်းမှာလည်း ရွှေအဆင့် (TEF Gold Award) ရရှိထားတဲ့ အဆင့်အတန်းမြင့်မားတဲ့ တက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။

University of Portsmouth မှ မြို့ပြအင်ဂျင်နီယာမဟာဘွဲ့တန်း (MSc Civil Engineering) ကို တက်ရောက်လိုသူများအတွက် အထူးပညာသင်ဆု အနေဖြင့် Chindwin-PSB Institute ကပေးအပ်မယ့် ၁၀၀% အပြည့် ကျောင်းလခကင်းလွတ်မယ့် အခွင့်အရေး၊ ၂၀၂၁ ခုနှစ်ရဲ့ ပထမဆုံး အတန်းမှာတက်ရောက်သူတိုင်းအတွက်လည်း ပညာသင်ဆု ၁၀ သိန်း ခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်။

မြို့ပြအင်ဂျင်နီယာဘာသာရပ်မှာ Geotechnical Engineering Design Project, Structural Engineering Design Project, Environmental Engineering Design Project, Earthquake Engineering Design Project တွေကို အထူးပြုဘာသာရပ်အဖြစ် ရွေးချယ်တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

တက်ရောက်လိုသူတွေ အနေနဲ့ Chindwin-PSB Institute ဖုန်း – ၀၉၉၅၄၀၀၅၉၅၉ ကို ဆက်သွယ်မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««