
University of Nottingham Ningbo China (UNNC) ရဲ့ Entry Year Based Scholarship Program ကို လျှောက်ထားနိုင်မယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ် ၊ စက်တင်ဘာ ကျောင်းဖွင့်ချိန်အတွက် လျှောက်ထားနိုင်မယ့် UNNC ရဲ့ Entry Year Based Scholarship မွာ Bachelor တန်း ပထမနှစ် တစ်နှစ်အတွက်သာ ပေးအပ်တာဖြစ်တယ်လို့ သိရပါတယ်။ မြန်မာ (၁၀ ) တန်းနဲ့ IGCSE ‘O’ Level ပြီးထားသူများမှ စ၍ လျှောက်ထားနိုင်ပြီး မိမိရဲ့ ပညာရေး ရလဒ်အပေါ်မူတည်ကာ ၂၅ ရာခိုင်နှုန်းမှ စ၍ ၅၀ ရာခိုင်နှုန်း၊ ၁၀၀ ရာခိုင်နှုန်း အထိ ပညာသင်ဆုတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ကျန်ပညာသင်နှစ်တွေ အတွက် ပညာသင်ဆု ဆက်လက် လျှောက်ထားမယ်ဆိုရင် ၃၀ ရာခိုင်နှုန်း အထိ ရရှိအောင် လျှောက်ထားမှာ ဖြစ်ပါတယ်။ Covid ကာလအတွင်း နိုင်ငံတကာ ကျောင်းသားတွေရဲ့ ပညာရေး နှောင့်နှေးမှု မရှိစေဖို့ UNNC မှ Program အားလုံးကို Online Learning system နဲ့ သင်ကြားပေးမှာ ဖြစ်ပါတယ်။
UNNC မှာ (၃) နှစ်မှ (၄) နှစ်ကြာမြင့်တဲ့ BSc (Hons) BA (Hons), BEng (Hons) Program တွေနဲ့ (၁) နှစ်မှ (၂) နှစ်ခန့်ကြာမြင့်တဲ့ M.Sc နဲ့ MA Degree programmes တွေကို သင်ယူနိုင်ပြီး ပင်ေတက္ကသိုလ် University of Nottingham (UK) မှ ပေးအပ်သည့် ဘွဲ့ဒီဂရီကို တိုက်ရိုက်ရရှိမှာ ဖြစ်ပါတယ်။
လျှောက်ထားလိုသူတွေအနေနဲ့ MSI Overseas Education ဖုန်း-၀၉၅၁၀၃၉၁၅ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
-သန္တာ
»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««