University of Illinois Chicago(UIC) အကြောင်း ဆွေးနွေးပွဲပြုလုပ်မည်

University of Illinois Chicago(UIC) အကြောင်း ဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၅ ရက်၊ နံနက် ၉ နာရီခွဲ မှ ၁၁ နာရီခွဲ အထိ Zoom မှ တစ်ဆင့် ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ University of Illinois Chicago မှာ မြန်မာကျောင်းသူ၊ကျောင်းသားတွေရရှိနိုင်တဲ့ အခွင့်အရေးများအကြောင်းကို အမေရိကန်ပညာရေးအတိုင်ပင်ခံတွေနဲ့တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးမေးမြန်းနိုင်မှာ ဖြစ်ပါတယ်။ ၂ဝ၂၁ ခုနှစ်အတွင်း ယူအက်စ်မှာ ကျောင်းသွားတက်ချင်တဲ့ မြန်မာကျောင်းသူ၊ကျောင်းသားတွေ အတွက် မြို့တော် Chicago က နာမည်ကြီး တက္ကသိုလ်တစ်ခု ဖြစ်တဲ့ University of Illinois Chicago(UIC) မှာ Undergraduate ဘာသာရပ်တွေ အနေနဲ့ Applied Health Science, Architecture Design and The Art, Business Administration, Education, Engineering, Liberal Arts and Sciences အစရှိတဲ့ နယ်ပယ် အသီသီးက ဘာသာရပ်တွေကို သင်ယူနိုင်မှာဖြစ်ပြီး တစ်နှစ်စာ စာသင်စရိတ်အနေနဲ့ကတော့ USD 30,000 ခန့် ကုန်ကျနိုင်ပါတယ်။

ပွဲတက်ရောက်လိုသူတွေ အနေနဲ့ https://bit.ly/crowndec15 လင့်ခ်ကတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««