University of Birmingham ၀င်ရောက်ရန်မမှီသူများနှင့် UCAS သို့ Application Form တင်ရန်မမှီသူများထပ်မံလျှောက်ထားနိုင်

[Zawgyi]




-ဝေဝေ

[University]

University of Birmingham ၀င်ရောက်ရန်မမှီသူများ နဲ့ UCAS သို ့Application Form တင်ရန်မမှီသူများ ဇူလိုင်လ ၅ ရက်မှစ၍ ထပ်မံလျှောက်ထားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

University of Birmaingham ၏ Clearing သို ့လျှောက်ရန်အတွက် မိမိတို့မှရှိသော Academic Document များ၊ IELTS (or) TOEFL, Pearson (သို့) အခြားအင်္ဂလိပ်စာအရည်အချင်းဆိုင်ရာအောင်လက်မှတ်များ၊ IB (or) IGCSE, သက်ဆိုင်ရာကျောင်းမှ Academic Reference (၁) ခု၊ Personal Statement (၁)ခု၊ Passport တို ့ဖြင့်တင်ပြရန်လိုအပ်မှာဖြစ်တယ်လို့ သိရပါတယ်။  UCAS မှ တဆင့်တခြားကျောင်းများသို့ လျှောက်ထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ University of Birmingham ရဲ့ Clearing တွင်လျှောက်ထားချိန်၌ Transcripts များထပ်ပို ့ရန်မလိုအပ်ကြောင်း သိရပါတယ်။ တက္ကသိုလ်ဝင်တန်းကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ University of Birmingham တွင်တက်ရောက်လိုပါက Foundation Certificate Programs ကို KIC (Kaplan International Center), လန်ဒန်မြို ့တွင် တက်ရောက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ Duration အနေနဲ့ (6 to 9 Months), UKVI IELTS ရမှတ် 5.5 ( 4.5 ထက်မနည်းရ) ရရှိရန်လိုအပ်မှာဖြစ်ကြောင်း သိရပါ တယ်။ စက်တင်ဘာလနဲ့ ဇန်နဝါရီလမှာ ဖွင့်လှစ်မှာဖြစ်တယ်လို့ သိရပါတယ်။ Foundation မှတဆင့် University of Birmingham ရဲ့ First Year သို ့တိုက်ရိုက်ဆက်လက်တက်ရောက်နိုင်မှာဖြစ်တယ်လို့ သိရပါ တယ်။ Foundation တွင်သင်ယူနိုင်သောဘာသာရပ်များမှာ – Business, Law, Science, Social Sciences , Engineering တို ့ဖြစ်ပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ အသေးစိတ်သိရှိလိုပါက Grace Education Service ဖုန်း ၀၉- ၅၁၄၀၈၀၂၊ ၀၉- ၂၅၈၈၀၅၅၈၂ သို့ ဆက်သွယ်စုံစမ်းနိုင်မှာဖြစ်ပါတယ်။

-ဝေဝေ