University at Albany, State University of New York မှာ Economics မေဂျာဖြင့် လက်ရှိ တက်ရောက်နေသော မရည်မွန်အောင်၏ Student Life

University at Albany, State Uni-versity of New York မှာ Economics မေဂျာဖြင့် လက်ရှိတက်ရောက်နေသော မရည်မွန်အောင်၏ Student Life ကို ဖော်ပြပေးလိုက်ပါတယ်။

အမည်နဲ့ လက်ရှိဘယ်မှာ ပညာသင်ကြား နေတယ်ဆိုတာလေး မိတ်ဆက်ပေးပါဦး။

ညီမနာမည်က မရည်မွန်အောင်ပါ။

ကျောင်းမှာတော့ Emily လို့ သိကြပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အမေရိကန်တက္ကသိုလ် တစ်ခုဖြစ်တဲ့ Connect Institute မှာ ဒုတိယနှစ်ထိ တက်ခဲ့ပြီး အခုလက်ရှိ University at Albany, State University of New York မှာ Economics မေဂျာနဲ့ တတိယနှစ် တက်ရောက်နေပါတယ်။

အမေရိကန်နိုင်ငံမှာ ပညာသင်ဖို့ ဘာလို့ရွေးချယ်ဖြစ်ခဲ့တာလဲ။

ညီမ ၁၀ တန်းကို ဒဂုံ (၁) ကနေ ဂုဏ်ထူး ၄ ဘာသာနဲ့ အောင်မြင်ခဲ့ပါတယ်။ ဆယ်တန်းပြီးတော့ ညီမနိုင်ငံခြားမှာ ပညာဆက်ပြီး သင်ချင်ခဲ့တယ်။ အဲ့ဒီတုန်းက ၁၆ နှစ်ပဲရှိသေးတော့ သွားဖို့ကို အိမ်ကစိတ်မချဘူး။ အရမ်းငယ်သေးတာရယ်၊ ကိုယ့်ဘာသာရပ်တည်ဖို့ အဆင်သင့် မဖြစ်သေးတာရယ်ကြောင့် မြန်မာနိုင်ငံမှာပဲ လိုအပ်တဲ့အင်္ဂလိပ်စာ သင်တန်းတွေ၊ အခြားသင်တန်းတွေတက်ဖို့ စုံစမ်းခဲ့တယ်။ အဲ့ဒီမှာ Connect ကို စသိခဲ့တာပေါ့။ Connect မှာ မြန်မာနိုင်ငံမှာ ၂ နှစ်၊ အမေရိကန်နိုင်ငံမှာ ၂ နှစ်ဆက်တက်ရတဲ့ အမေရိကန်တက္ကသိုလ် ပရိုဂရမ်ကို စသိခဲ့ပြီး foundation စပြီး တက်ဖြစ်ခဲ့တယ်။ အမေရိကန်ပညာရေးကို စပြီးလေ့လာရတဲ့အခါ အရမ်းသဘောကျတယ်။ အတွေးအခေါ် ပိုင်းကို ဦးစားပေး သင်ကြားပေးတယ်။ General Education လို့ခေါ်တဲ့ မေဂျာများစွာရဲ့ အခြေခံဘာသာရပ် ၂၂ ဘာသာလောက်ကို အရင်လေ့လာရတယ်။ ဘာသာရပ်အသစ်တွေကို ထိတွေ့ သင်ကြားခွင့်ရတာ အရမ်းအကျိုးရှိပါတယ်။ ကိုယ်တကယ် ဘာဝါသနာပါလဲဆိုတာ သေချာသိသွားတယ်။ တတိယနှစ်ရောက်ရင် ကိုယ်ကြိုက်တဲ့ မေဂျာကို ရွေးချယ်ခွင့် ရှိပါတယ်။ ပြီးတော့ အမေရိကန်ရဲ့ ပညာရေးစနစ်ကမေဂျာ ရွေးချယ်ခွင့်ကို အမှတ်နဲ့ခွဲတာမျိုး မဟုတ်ဘဲ ဝါသနာပါတဲ့ မေဂျာကို လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ရှိပါတယ်။ အမေရိကန်ရဲ့ ပညာရေးစနစ်ကို သဘောကျလို့ အမေရိကားသွားဖို့ ဆုံးဖြတ်ခဲ့တာပါ။

အမေရိကန်မှာ Business မေဂျာကို ရွေးချယ်တက်ရောက် ဖြစ်ခဲ့ပုံလေးကို ပြောပြပေးပါဦး။

ညီမအရင်က ဆေးကျောင်းတက်ချင်ခဲ့တာပါ။ သူငယ်ချင်းတွေနဲ့ တူချင်တာလည်းပါတယ်။ ဆေးကျောင်းက အမြင့်ဆုံးလိုဖြစ်နေတော့ ဆေးကျောင်းပဲ တက်မယ်ဆိုပြီး စိတ်ကူးထားခဲ့ တာပါ။ Connect မှာ အမေရိကန်တက္ကသိုလ် ပထမ
၂ နှစ်ကို စတက်ပြီးတော့ ညီမတကယ် စိတ်ဝင်စားတာက Business ဖြစ်နေတာသိခဲ့ရတယ်။ ကျောင်းပြီးရင် စီးပွားရေး လုပ်ငန်းတစ်ခု စလုပ်မယ်။ ညီမ လုပ်ချင်တာကတော့ Franchise ပေါ့။ America ကပဲဖြစ်ဖြစ်၊ Taiwan ကပဲဖြစ်ဖြစ်နာမည်ကြီး products တွေကို သွင်းချင်တယ်။ မြန်မာနိုင်ငံမှာမရှိသေးတဲ့ brand တွေ။ ပြီးတော့ New York မှာက Business contact များမယ်ထင်တယ်။ Network ပိုကျယ်မယ်ထင်လို့ New York State University ဖြစ်တဲ့ Albany ကို ရွေးချယ်ခဲ့တာပါ။

ကျောင်းသွားတက်တဲ့အချိန်မှာ ဘယ်လိုအခက်အခဲတွေ တွေ့ရလဲ။

စစရောက်ချင်း အရမ်းစိတ်လှုပ်ရှားပါတယ်။ Homesick ဖြစ်ပေမဲ့ သူငယ်ချင်းတွေနဲ့ အတူတူသွားရတော့ အချင်းချင်း ကူညီဖေးမကြတယ်။ Connect မှာ သင်ခဲ့ရတဲ့ အတွေ့အကြုံတွေက အများကြီး အထောက်အကူ ဖြစ်စေပါတယ်။ ကိုယ့်အား ကိုယ်ကိုး တတ်လာတယ်။ ဘယ်ဟာကလုပ်သင့်တယ် မလုပ်သင့်ဘူးဆိုတာကို ကိုယ့်ဘာသာ ဆုံးဖြတ်တတ်လာတယ်။ Connect မှာ နိုင်ငံခြား တက္ကသိုလ်က ပါမောက္ခတွေနဲ့ အမေရိကားပညာရေးရဲ့ စနစ်အတိုင်းသင် ကြားခဲ့ရတော့ အမေရိကား ရောက်တဲ့အခါ စာသင်ကြားရတဲ့အပိုင်းမှာ အခက်အခဲတွေ မရှိတော့ပါဘူး။ အလေ့အကျင့် ရှိပြီးသားလို ဖြစ်နေတာပေါ့။

အခုလို အမေရိကန်နိုင်ငံမှာ ကျောင်းသွားတက်တဲ့အတွက် အရင်ကနဲ့ ဘယ်လိုကွာခြားသွား တယ်ဆိုတာ ပြောပြပေးပါဦး။

ဘာတွေ ကွာသွားလဲဆိုတော့ အရင်ကဆို ဆရာ၊ ဆရာမတွေကို စကားသွားမပြောရဲဘူး။ မေးခွန်းတွေ မမေးရဲဘူး။ အခုကျတော့ ဆရာ၊ ဆရာမတွေက မေးခွန်းတွေကို welcome လုပ်တယ်။ ပြီးတော့ လူရှေ့မှာ presentation တွေလုပ်ရတယ်၊ debate တွေ လုပ်ရတယ်။ အဲဒါတွေကြောင့် လူတွေနဲ့ ပြောရဲလာတယ်။ လူရှေ့ထွက်ရဲလာတယ်၊ communication အရမ်းကောင်းလာတယ်။ လူသစ်တွေနဲ့တွေ့ရမှာ မကြောက်တော့ဘူး။ မိတ်ဆွေ ဖွဲ့တတ်လာတယ်။ စာနဲ့ပတ်သက်ရင်လည်း အရင်လိုအလွတ်ကျက်ရတာ မဟုတ်ဘဲ ဘဝအတွက် ဘယ်လိုနေရာတွေမှာ ဘယ်လိုပြန်အသုံးချနိုင်တယ်ဆိုပြီး သိလာတယ်။ ပြောရရင်တော့ အဖက်ဖက်ကတိုး တက်လာတာပေါ့။ ညီမ ကျောင်းတက်နေရင်းနဲ့ Training Ground မှာ gym ဆော့တယ်။ gym မှာ သူငယ်ချင်းအသစ်တွေ ရတော့သူတို့က Myanmore မှာ internship လျှောက်ကြည့်လို့ ရတယ်ဆိုပြီး ပြောတာနဲ့ Connect မှာ ၂ နှစ်တက်ပြီးတော့ Myanmore မှာ intern လုပ်ဖြစ်ခဲ့တယ်။ ဒါကလည်း လူမှုဆက်ဆံရေး ကောင်းလာတာ၊ မိတ်ဖွဲ့တတ်လာတာရဲ့ အကျိုးကျေးဇူးတစ်ခုပါပဲ။ network လည်း ပိုကျယ်လာတာပေါ့။

Myanmore မှာ internship သုံးလဆင်းတဲ့ အချိန်အတွင်းမှာလည်း ပညာတွေအများကြီးရတယ်။ management skills,  entrepreneurship အများကြီးပဲ သင်ယူခွင့်ရတယ်။ တကယ့် work experience ရခဲ့သလို လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေ ထပ်ရခဲ့ပါတယ်။ အခု အမေရိကားရောက်တော့ အဲ့ဒီအတွေ့အကြုံတွေက အရမ်းအထောက်အကူ ဖြစ်ပါတယ်။ လူတွေနဲ့ ရင်းရင်းနှီးနှီး ပေါင်းသင်းဆက်ဆံတတ်လာပြီး ပိုပြီးရင့်ကျက်တဲ့ သူတစ်ယောက်ဖြစ်လာ တယ်လို့ ခံစားရပါတယ်။

အမေရိကန်မှာ ကျောင်းသွား တက်မယ်ဆိုတော့ မသွားခင်ဘာတွေ ကြိုတင်ပြင်ဆင်သွားလဲ။

ဆယ်တန်းပြီးတာနဲ့ တန်းသွားမယ်ဆို အခက်အခဲတွေ အများကြီးရှိပါတယ်။ အဖက်ဖက်က အဆင်သင့်ဖြစ်နေအောင် ကြိုတင်ပြင်ဆင်ပြီးမှ သွားသင့်ပါတယ်။ စာသင်ကြားတဲ့အပိုင်းမှာဆို သူတို့ရဲ့ပညာရေးစနစ်ကို လိုက်မီအောင် ကြိုတင်ပြင်
ဆင်ထားသင့်တယ်။ Connect မှာက မြန်မာနိုင်ငံမှာရှိတဲ့ ၂ နှစ်အတွင်းမှာ အဲ့ဒါတွေ အဆင်သင့်ဖြစ်အောင် လုပ်ပေးလိုက်တာပါပဲ။ classes တွေရော၊ ဆရာတွေရော အရမ်း quality ဖြစ်ခဲ့တော့အမေရိကန် ပညာရေးစနစ်အတိုင်း မြန်မာနိုင်ငံမှာ သင်ခွင့်ရခဲ့တယ်။ တစ်ခန်းကို လူ ၂၀၊ ၃၀ လောက်ပဲထားပြီး ဆရာတွေက သေချာ train ပေးခဲ့တယ်။ စာကိုဘယ်လို လေ့လာရတယ်၊ project တွေ၊ pre-
sentation တွေ ဘယ်လိုလုပ်ရတယ်ဆိုတာ သေချာသင် ခဲ့ရတယ်။ ကျောင်းစာပြင်ပတွေလည်း အများကြီး လုပ်ခဲ့ရတယ်။ club တွေမှာ ဦးဆောင်ပြီး လုပ်ခိုင်းခဲ့တော့ leadership skill တတ်လာတယ်။ နိုင်ငံခြားမှာ ပညာသွားသင်တဲ့အခါ ကိုယ့်ကိုယ်ကို အားကိုးတတ်မှ အဆင်ပြေပြေနေနိုင်မှာမို့ အရင်ဆုံး independent ဖြစ်နေအောင် လေ့ကျင့်ထားဖို့ လိုပါတယ်။

နိုင်ငံခြားမှာ ပညာသင်ချင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ဘာတွေ အကြံပေးချင်သေးလဲ။

အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ နိုင်ငံခြားသွား ပညာသင်ချင်တယ်ဆိုရင် ချိတ်ဆက်ပေးတဲ့ ကျောင်းတွေ များလာပါပြီ။ ကိုယ်သွားချင်တဲ့ နိုင်ငံကိုသေချာ ချိတ်ဆက်ထားလား၊ ဘယ်လောက်ထိ ခိုင်မာမှုရှိလဲစတာတွေ သေချာစုံစမ်းပြီးမှ သွားသင့်ပါတယ်။ မသွားခင်မှာလည်း ကိုယ့်ဘာသာ ရပ်တည်နိုင်တဲ့သူဖြစ်အောင် အရင်လေ့ကျင့်သွားပါ။ စာတစ်ခုတည်း အတွက် ပြင်ဆင်ထားတာ မဟုတ်ဘဲ လူမှုပတ်ဝန်းကျင်မှာ အဆင်ပြေပြေနေတတ်အောင်၊ အသင်းအဖွဲ့တွေနဲ့ စုပေါင်း လုပ်ဆောင်တတ်အောင် ကြိုတင်ပြင်ဆင်
သွားသင့်ပါတယ်။

-ဝေဝေ