Unistores Mobile Application ကိုမိတ်ဆက်

Unilink အိမ်သုံးအင်တာနက် အသုံးပြုသူတွေအတွက် ငွေ ပေးချေမှု အဆင်ပြေစေဖို့ရည် ရွယ်ကာ Unistores Mobile Application ကို မိတ်ဆက် ခဲ့ပါတယ်။

Unistores မိုဘိုင်း App မှာဖိုက်ဘာအင်တာနက်လိုင်းနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုတွေအတွက် ငွေပေးချေမှုပြုလုပ်နိုင်သလို နှစ် ကူးအထူးအစီတွေကိုလည်း ရ ရှိမှာဖြစ်ကြောင်း သိရပါတယ်။ “Unistores မိုဘိုင်း App ကိုအ ခုမှစမိတ်ဆက်တာပါ၊ ဒီ App ကိုအသုံးပြုပြီးတော့ ဝန်ဆောင် မှုတွေအတွက် အွန်လိုင်းကနေ ငွေ ပေးချေနိုင်ပါတယ်၊ ပြီးတော့ ဒီ မိုဘိုင်း App ကိုအသုံးပြုပြီးတော့ Smart Home Device တွေနဲ့ ချိတ်ဆက်ပြီး မိမိအိမ်အခြေအ နေတွေကို အချိန်မရွေးကြည့်လို့ရ ပါတယ်” လို့ Myanmar Unilink Communication ရဲ့ Commercial Partnership Department Manager ဖြစ်သူ ဦးစိုင်းသီဟကျော်ကပြောကြားခဲ့ပါတယ်။

Myanmar Unilink Communication အနေနဲ့ ပြည် တွင်းမှာ ၂၀၁၆ ခုနှစ်ကစတင် ကာဖိုက်ဘာဝန်ဆောင်မှုကိုပေး ခဲ့ပြီး ရန်ကုန်မြို့တွင်း ပင်မဖိုက် ဘာကွန်ရက်အရှည် ၉၈၀၉ ကီ လိုမီတာအထိ တိုးချဲ့ထားတယ်လို့ သိရပါတယ်။လက်ရှိ ပြည်တွင်းမှာ Unilink ဖိုက်ဘာအင်တာနက်ဝန် ဆောင်မှုကို အသုံးပြုသူနှစ် သောင်းခန့်ရှိတယ်လို့ သိရပါ တယ်။ Unistores Mobile Application မိတ်ဆက်ပွဲကို ညနေ ၃ နာရီမှ ည ၈ နာရီအထိ Emerald Bay မှာ ကျင်းပပြု လုပ်ခဲ့တာဖြစ်ပါတယ်။

-အောင်သက်ကို