UnionPay မှ ငွေကျပ် သိန်း ၁၈၀ တန်ဖိုးရှိ ရွှေဒင်္ဂါးပြားများပါဝင်သော Go for Gold ကမ်ပိန်းပြုလုပ်

UnionPay ကတ်တွကို အသုံးပြုသူတွေအတွက် ငွေကျပ် ၃၀,၀၀၀ သုံးသူတိုင်း ရွှေဒင်္ဂါးပြားများ ကံစမ်းနိုင်မည့် Go-for-Gold ကမ်ပိန်းကို ၁၃ ပတ်ကြာကျင်းပသွားမှာ ဖြစ်ပါတယ်။

ကမ်ပိန်းတွင် အပတ်စဉ် ကံထူးရှင်တစ်ဦးစီ ရွေးချယ်သွားမှာ ဖြစ်ပြီး အဆိုပါ ကံထူးရှင်ဟာ ကျပ် ၁၀ သိန်းခန့် တန်ဖိုးရှိတဲ့ ၁၂ ဂရမ် အလေးချိန်ရှိသော ရွှေဒင်္ဂါးပြားတွေကို ရရှိမှာပါ။ ကမ်ပိန်းတွင် ပါဝင်သူတွေ အနေနဲ့ ကျပ်သိန်း ၅၀ ခန့် တန်ဖိုးရှိ အလေးချိန် ၅၇ ဂရမ်ရှိသော ရွှေဒင်္ဂါးပြားများကို အလိုအလျောက် ကံစမ်းနိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။

“UnionPay ကတ် သုံးစွဲသူတွေအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ရွှေဒင်္ဂါးပြားများ ကံစမ်းမဲ ပရိုမိုးရှင်းကို ပထမဆုံးအနေနဲ့ ကျင်းပခွင့်ရလို့ ဝမ်းသာပါတယ်။ သိကြတဲ့အတိုင်း ရွှေဆိုတာက အားလုံး မြတ်နိုးကြတဲ့ အရာတစ်ခုလေ။ ဒါကြောင့် ကံထူးရှင်တွေအားလုံးအတွက် စုစုပေါင်းတန်ဖိုး သိန်း ၁၈၀ ရှိတဲ့ ရွှေဒင်္ဂါးပြားတွေကို ပေးအပ်နိုင်တာ ဝမ်းသာရပါတယ်။ UnionPay ကတ်သုံးစွဲသူတွေကလည်း ရွှေဒင်္ဂါးပြားတွေကို ကံစမ်းနိုင်ခွင့်အပြင် UnionPay က ပေးစွမ်းနိုင်တဲ့ သက်တောင့်သက်သာဖြစ်စေပြီး ဘေးကင်းတဲ့ ငွေပေးချေမှု စနစ်တွေ၊ နိုင်ငံတစ်ဝှမ်း၊ ကမ္ဘာတစ်ဝှမ်း ခရီးသွားလာတဲ့အခါ၊ စားသောက်ဆိုင်တွေ ထိုင်တဲ့အခါ၊ ရှော့ပင်ထွက်တဲ့အခါ နဲ့ ဖျော်ဖြေရေး လုပ်ငန်းတွေမှာ သုံးစွဲနိုင်မယ့် အထူးအခွင့်အရေးတွေ စတာတွေလည်း ရရှိဦးမှာပါ။” လို့ UnionPay International Southeast Asia ၏ Deputy General Manager Mr. Vincent Ling မှပြောပါတယ်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂ရက် မှ ၂၀၂၀ မတ် ၁ ရက်အထိ အွန်လိုင်းပေါ်မှ ဖြစ်စေ၊ နိုင်ငံတွင်း ဖြစ်စေ၊ AGDဘဏ်၊ AYAဘဏ်၊ CBဘဏ်၊ GTBဘဏ်၊ KBZဘဏ်၊ MABဘဏ်၊ MOBဘဏ် နဲ့ UAB ဘဏ် တို့ရဲ့ UnionPay ကတ်တွေကို သုံး၍ Receipt တစ်ခုတည်းအတွက် ငွေကျပ် ၃၀,၀၀၀ အသုံးပြုတိုင်း အပတ်စဉ် ကံထူးနိုင်မည့် အခွင့်အရေး တစ်ခု ရရှိမှာဖြစ်ပြီး မြန်မာနိုင်ငံပြင်ပတွင် ငွေကျပ် ၃၀,၀၀၀ နှင့် ညီမျှသော နိုင်ငံခြားငွေ ပမာဏတစ်ခုကို အသုံးပြုတိုင်း ကံထူးနိုင်မယ့် အခွင့်အရေး ၁၀ ခု ရရှိမှာဖြစ်ပါတယ်။ ကမ်ပိန်းတွင် ပါဝင်ရန်အတွက် UnionPay ကတ်ကိုင်ဆောင်သူတွေအနေနဲ့ www.unionpaygoforgold.com သို့ ၎င်းတို့ရဲ့ Receipt များကို ပေးပို့ ကံစမ်းနိုင်ပြီး အပတ်စဉ် ကံထူးရှင်တွေကို UnionPay Myanmar Facebook Page မှာ ကြေညာပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။