Under-display selfie ကင်မရာပါဝင်လာတဲ့ ကမ္ဘာ့ပထမဆုံးဖုန်း

ZTE ဟာ display ထဲမှာ selfie ကင်မရာထည့်သွင်းထားတဲ့ ကမ္ဘာ့ပထမဆုံး စီးပွားဖြစ်ဖုန်းကို မိတ်ဆက်မယ်လို့ ကတိပေးထားတာ ကြာပါပြီ။ ZTE ရဲ့ Axon 20 5G ဖုန်းမှာ display ထဲ selfie ကင်မရာကို ထည့်သွင်းပြီး အလယ်အလတ်တန်းစားဖုန်း ဖြစ်ပါတယ်။

ZTE ရဲ့ display ထဲက selfie ကင်မရာကတော့ 32-megapixel ဖြစ်ပြီး ဖောက်ထွင်းမြင်နိုင်တဲ့ အရာဝတ္ထု အသုံးပြုထားကာ ဇီဝနဲ့ ဇီဝမဟုတ်တဲ့ အရာတွေ အသုံးပြုထားပါတယ်။ ဒါ့အပြင် ရုပ်ထွက်အရည်အသွေးပိုင်းအတွက် algorithm ကိုအသုံးပြုထားပါတယ်။

ဖုန်းမှာတော့ 765 ပရိုဆက်ဆာကို အသုံးပြုထားပြီး အထူက ၇.၉၈ မီလီမီတာ ရှိကာ 5G ချိတ်ဆက်မှု ပါဝင်လာပါတယ်။ ဘက်ထရီကတော့ 4,220mAh ဖြစ်ပါတယ်။ မျက်နှာပြင်ကတော့ ၆.၉၂ လက်မ OLED နဲ့အတူ in-display fingerprint sensor ပါဝင်လာပါတယ်။

ကျောဘက်ကင်မရာကတော့ 64-megapixel နဲ့ 8-megapixel ultrawide နဲ့အတူ 2-megapixel depth နဲ့ macro sensor တွေပါဝင်လာပါတယ်။ ဒါ့အပြင် RAM 6GB ဒါမှမဟုတ် 8GB,storage 128GB နဲ့ 256GB တို့ကို ရွေးချယ်နိုင်ပါတယ်။ microSD ကတ်ပေါက်လည်း ပါဝင်လာပါတယ်။

စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««