Under-display fingerprint scanner ပါဝင္တဲ့ R17 စမတ္ဖုန္းသစ္ကို OPPO မိတ္ဆက္

[Zawgyi]

တ႐ုတ္စမတ္ဖုန္းကုမၸဏီ OPPO ဟာ Find X ကို ပြဲထုတ္မိတ္ဆက္ခဲ့ၿပီးတဲ့ေနာက္ နည္းပညာသစ္ပါဝင္တဲ့ OPPO R17 ကို ထပ္မံ မိတ္ဆက္လိုက္ပါတယ္။

OPPO R17 မွာ in-display fingerprint scanner, 8GB RAM, 128GB storage နဲ႔ selfie ကင္မရာအတြက္ ေသးငယ္တဲ့ notch တစ္ခုတို႔ ပါဝင္လာပါတယ္။

ဒီဖုန္းမွာ ၿပီးခဲ့တဲ့တစ္ပတ္က မိတ္ဆက္ခဲ့တဲ့ 10nm process Snapdragon 670 chipset ကို အသံုးျပဳထားတယ္။ အဲ့ဒီ chipset မွာ octa-core CPU နဲ႔ Adreno 615 GPU တို႔ပါဝင္ပါတယ္။
OPPO R17 ရဲ႕ screen မွာ ေဘး bezel ေတြ မပါသေလာက္နီးပါးရိွၿပီး ထိပ္ဘက္က ေသးငယ္တဲ့ bezel မွာေတာ့ စပီကာကို ထည့္သြင္းထားပါတယ္။ ဖုန္းရဲ႕ေအာက္ေျခဘက္က ထူထဲတဲ့ bezel ကေတာ့ display controller အတြက္ ျဖစ္ပါတယ္။ ဒီဖုန္းမွာ ၆.၄ လက္မ AMOLED screen ပါဝင္ၿပီး resolution က full HD+ ျဖစ္ပါတယ္။ Fingerprint sensor ကိုေတာ့ display ထဲမွာ ထည့္သြင္းထားပါတယ္။

Notch ထဲမွာ ထည့္သြင္းထားတဲ့ selfie ကင္မရာက 25MP f/2.0 ျဖစ္ပါတယ္။ ေက်ာဘက္ကင္မရာကိုေတာ့ အျပည့္အဝ မေဖာ္ျပထားေပမယ့္ AI လုပ္ေဆာင္ခ်က္ေတြပါဝင္တယ္လို႔ ကုမၸဏီက ေျပာၾကားခဲ့ပါတယ္။
OPPO ဟာ VOOC အားသြင္းစနစ္ကိုလည္း R17 မွာ ထည့္သြင္းခဲ့ပါတယ္။ ဘက္ထရီက 3,500mAh ျဖစ္ၿပီး မိနစ္ ၃၀ အတြင္း ၅၈ ရာခိုင္ႏႈန္း အားျပန္သြင္းေပးႏိုင္တယ္လို႔ သိရပါတယ္။

ဒီဖုန္းမွာ Android Oreo 8.1 အေျခခံ Color OS 5.2 ကို အသံုးျပဳထားပါတယ္။ အဆိုပါ ေနာက္ဆံုးေပၚဗားရွင္းမွာ အသံနဲ႔ေစခိုင္းႏိုင္တဲ့ လုပ္ေဆာင္ခ်က္အခ်ိဳ႕နဲ႔ ဘက္ထရီစြမ္းေဆာင္ရည္ျမွင့္တင္မႈ စတာေတြ ပါဝင္လာပါတယ္။

OPPO R17 ကို ၾသဂုတ္ ၁၈ ရက္မွာ စတင္ေရာင္းခ်သြားမွာျဖစ္ပါတယ္။ ေစ်းႏႈန္းကိုေတာ့ မသိရေသးပါဘူး။

Ref: GSMArena

-ေနာင္ေနာင္

[Unicode]

တရုတ်စမတ်ဖုန်းကုမ္ပဏီ OPPO ဟာ Find X ကို ပွဲထုတ်မိတ်ဆက်ခဲ့ပြီးတဲ့နောက် နည်းပညာသစ်ပါဝင်တဲ့ OPPO R17 ကို ထပ်မံ မိတ်ဆက်လိုက်ပါတယ်။

OPPO R17 မှာ in-display fingerprint scanner, 8GB RAM, 128GB storage နဲ့ selfie ကင်မရာအတွက် သေးငယ်တဲ့ notch တစ်ခုတို့ ပါဝင်လာပါတယ်။

ဒီဖုန်းမှာ ပြီးခဲ့တဲ့တစ်ပတ်က မိတ်ဆက်ခဲ့တဲ့ 10nm process Snapdragon 670 chipset ကို အသုံးပြုထားတယ်။ အဲ့ဒီ chipset မှာ octa-core CPU နဲ့ Adreno 615 GPU တို့ပါဝင်ပါတယ်။
OPPO R17 ရဲ့ screen မှာ ဘေး bezel တွေ မပါသလောက်နီးပါးရှိပြီး ထိပ်ဘက်က သေးငယ်တဲ့ bezel မှာတော့ စပီကာကို ထည့်သွင်းထားပါတယ်။ ဖုန်းရဲ့အောက်ခြေဘက်က ထူထဲတဲ့ bezel ကတော့ display controller အတွက် ဖြစ်ပါတယ်။ ဒီဖုန်းမှာ ၆.၄ လက်မ AMOLED screen ပါဝင်ပြီး resolution က full HD+ ဖြစ်ပါတယ်။ Fingerprint sensor ကိုတော့ display ထဲမှာ ထည့်သွင်းထားပါတယ်။

Notch ထဲမှာ ထည့်သွင်းထားတဲ့ selfie ကင်မရာက 25MP f/2.0 ဖြစ်ပါတယ်။ ကျောဘက်ကင်မရာကိုတော့ အပြည့်အဝ မဖော်ပြထားပေမယ့် AI လုပ်ဆောင်ချက်တွေပါဝင်တယ်လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။
OPPO ဟာ VOOC အားသွင်းစနစ်ကိုလည်း R17 မှာ ထည့်သွင်းခဲ့ပါတယ်။ ဘက်ထရီက 3,500mAh ဖြစ်ပြီး မိနစ် ၃၀ အတွင်း ၅၈ ရာခိုင်နှုန်း အားပြန်သွင်းပေးနိုင်တယ်လို့ သိရပါတယ်။

ဒီဖုန်းမှာ Android Oreo 8.1 အခြေခံ Color OS 5.2 ကို အသုံးပြုထားပါတယ်။ အဆိုပါ နောက်ဆုံးပေါ်ဗားရှင်းမှာ အသံနဲ့စေခိုင်းနိုင်တဲ့ လုပ်ဆောင်ချက်အချို့နဲ့ ဘက်ထရီစွမ်းဆောင်ရည်မြှင့်တင်မှု စတာတွေ ပါဝင်လာပါတယ်။

OPPO R17 ကို သြဂုတ် ၁၈ ရက်မှာ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။ စျေးနှုန်းကိုတော့ မသိရသေးပါဘူး။

Ref: GSMArena

-နောင်နောင်