Under-display fingerprint reader ပါဝင္တဲ့ Nokia 9 ကို HMD ဖန္တီးေန

[ Zawgyi ]

HMD ဟာ Nokia 9 ဖုန္းတစ္မ်ိဳးကို ဖန္တီးေနပါတယ္။ အဲ့ဒီဖုန္းကို Nokia 8 Sirocco ေပၚမွာ တည္ေဆာက္ေနၿပီး under-display fingerprint reader တစ္ခု၊ ပိုမိုအဆင့္ျမင့္တဲ့ ကင္မရာတစ္ခုနဲ႔ Snapdragon 845 တို႔ ပါဝင္တယ္လို႔ ဆိုပါတယ္။

ဒီစမတ္ဖုန္းသစ္မွာ LG ရဲ႕ P-OLED display ကို အသံုးျပဳထားၿပီး vivo X21 UD ပံုစံ under-display fingerprint reader တစ္ခု ပါဝင္လာမွာျဖစ္ပါတယ္။

ဒီဖုန္းကိုတပ္ဆင္တဲ့ FIH Mobile ဟာ fingerprint reader တံု႔ျပန္မႈေႏွးေကြးတဲ့ ျပႆနာေတြနဲ႔ ရင္ဆုိင္ခဲ့ရေပမယ့္လည္း display glass ကို ပါးလႊာေအာင္လုပ္ၿပီး ေျဖရွင္းႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

Nokia 9 ကို ေဖေဖာ္ဝါရီလက စတင္ ဖန္တီးေနတာျဖစ္ၿပီး ၾသဂုတ္ သို႔မဟုတ္ စက္တင္ဘာလမွာ အၿပီးသတ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ျဖန္႔ခ်ိေရာင္းခ်မႈကိုေတာ့ ဒီႏွစ္ကုန္ပိုင္းမွာ စတင္ႏိုင္မယ္လို႔ ယူဆရပါတယ္။

-ေနာင္ေနာင္
Ref: GSMArena

[ Unicode ]

HMD ဟာ Nokia 9 ဖုန်းတစ်မျိုးကို ဖန်တီးနေပါတယ်။ အဲ့ဒီဖုန်းကို Nokia 8 Sirocco ပေါ်မှာ တည်ဆောက်နေပြီး under-display fingerprint reader တစ်ခု၊ ပိုမိုအဆင့်မြင့်တဲ့ ကင်မရာတစ်ခုနဲ့ Snapdragon 845 တို့ ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီစမတ်ဖုန်းသစ်မှာ LG ရဲ့ P-OLED display ကို အသုံးပြုထားပြီး vivo X21 UD ပုံစံ under-display fingerprint reader တစ်ခု ပါဝင်လာမှာဖြစ်ပါတယ်။

ဒီဖုန်းကိုတပ်ဆင်တဲ့ FIH Mobile ဟာ fingerprint reader တုံ့ပြန်မှုနှေးကွေးတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း display glass ကို ပါးလွှာအောင်လုပ်ပြီး ဖြေရှင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

Nokia 9 ကို ဖေဖော်ဝါရီလက စတင် ဖန်တီးနေတာဖြစ်ပြီး သြဂုတ် သို့မဟုတ် စက်တင်ဘာလမှာ အပြီးသတ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ ဖြန့်ချိရောင်းချမှုကိုတော့ ဒီနှစ်ကုန်ပိုင်းမှာ စတင်နိုင်မယ်လို့ ယူဆရပါတယ်။

-နောင်နောင်
Ref: GSMArena