UMFCCI Training Institute မှ သင်တန်းများကို အွန်လိုင်းစနစ်ဖြင့် ဖွင့်လှစ်မည်

UMFCCI Training Institute မှ သင်တန်းတွေကို Zoom Application အသုံးပြုပြီး Online စနစ်နဲ့ အောက်တိုဘာ ၂၄ ရက်မှ စတင် ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

Basic Sales and Marketing Course (Batch-23), Logistics and Supply Chain Management Course (Basic) (Batch-25), Financial Management Course (Batch-24), Business Management Course (Batch-10), Human Resource Management Course (Batch-24), International Trade Course (Batch-28) သင်တန်းတွေကို ဖွင့်လှစ်သွားမှာ ဖြစ်ပြီး စနေ၊ တနင်္ဂနွေနေ့တွေမှာ တက်ရောက်ရမှာဖြစ်ပါတယ်။

သင်တန်းကာလ ၃ လ ဖြစ်ပြီး သင်တန်းကြေးတွေကိုလည်း ယခင် Basic level -၈၀,၀၀၀ ကျပ် မှ ၅၀,၀၀၀ ကျပ်သို့ လျှော့ချပေးထားတယ်လို့ သိရပါတယ်။

သင်တန်းကို Zoom App မှ တစ်ဆင့် သက်ဆိုင်ရာ ဆရာ/ဆရာမများမှ တိုက်ရိုက် Live Stream သင်ကြားပေးမှာဖြစ်ပြီး ဆွေးနွေးမေးမြန်းလိုတာတွေကို အတန်းထဲမှာ သင်ကြားသကဲ့သို့ တိုက်ရိုက်ဆွေးနွေး မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။ အဖွဲ့လိုက် Virtual class room တွေနဲ့ သင်တန်းသားတွေ အချင်းချင်း ဆွေးနွေးမေးမြန်းခြင်းတွေ ဆောင်ရွက်ရမှာ ဖြစ်ပြီး Homework နဲ့ Assignment များရေးသားခြင်း၊ သင်ကြားတတ်မြောက်မှု ဆိုင်ရာ Assessment တွေကို virtual classroom များမှ တစ်ဆင့် ဆောင်ရွက်နိုင်အောင် စီစဉ်ပေးထားမှာဖြစ်တယ်လို့ သိရပါတယ်။

တက်ရောက်လိုသူတွေ အနေနဲ့ UMFCCI Training Institute ရဲ့ Messenger သို့မဟုတ် hrd@umfcci.com.mm မှာ Online application link ကို ရယူဖြည့်စွက်ကာ online payment စနစ်နဲ့ လျှောက်ထားနိုင်ပြီး အသေးစိတ်ကို HRD ဌာန ဖုန်း- ၀၁-၂၃၁၇၄၇၉ နဲ့ ၂၃၀၂၄၈၅ ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««