UMFCCI Training Institute မှ နိုဝင်ဘာတန်းခွဲသစ်များအတွက် သင်တန်းကြေးများလျှော့ချ

UMFCCI Training Institute မှ နိုဝင်ဘာတန်းခွဲသစ်များအတွက် သင်တန်းကြေးများလျှော့ချ ပေးသွားမယ်လို့ သိရပါတယ်။

Business English Course (Beginner Level and Intermediate Level), General Management Course, Business Consulting Service Provider Course, Logistics and Supply Chain Management Course (Advanced Level) သင်တန်းတွေကို Zoom Application အသုံးပြုပြီး အွန်လိုင်းနဲ့ နိုဝင်ဘာလ ၁၄ ရက်မှာ စတင် ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

သင်တန်းတွေကို စနေ၊ တနင်္ဂနွေနေ့တွေမှာ တက်ရောက်ရမှာ ဖြစ်ပြီး သင်တန်းကာလ ၃ လ ဖြစ်ပါတယ်။ သင်တန်းကြေးအနေနဲ့ Basic level ကို ယခင် ၈၀,၀၀၀ ကျပ်မှ ၅၀,၀၀၀ ကျပ်၊ Advanced Level ကို ယခင် ၁၂၀,၀၀၀ ကျပ်မှ ၈၀,၀၀၀ ကျပ်၊ BCSP Course အတွက် ယခင် ၁၀၀,၀၀၀ ကျပ်မှ ၆၅,၀၀၀ ကျပ်သို့ လျှော့ချပေးသွားမှာ ဖြစ်ပါတယ်။

Business English Course အတွက် Placement Test ဖြေဆိုရမှာဖြစ်ပြီး Business Consulting Service Provider Course အတွက် Assistant Manager/ Manager Level နဲ့အထက်ရှိပြီး လုပ်သက် အတွေ့အကြုံ ၂ နှစ် ရှိသူတွေ တက်ရောက်နိုင်ပါတယ်။ Logistics and Supply Chain Management Course (Advanced Level) အတွက် Basic Level တက်ရောက်ပြီး Certificate (သို့မဟုတ်) သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်တွင် Assistant Manager/ Manager Level ဖြင့် လုပ်သက် အတွေ့အကြုံ ၂ နှစ် ရှိကြောင်း ထောက်ခံစာ လိုအပ်မှာ ဖြစ်ပါတယ်။ General Management Course အတွက် ဘွဲ့ရ (သို့မဟုတ်) တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး လုပ်ငန်းခွင် ဝင်ရောက်နေသူတွေ တက်ရောက်နိုင်ပါတယ်။

သင်တန်းတက်ရောက်လိုသူတွေ အနေနဲ့ Messenger သို့မဟုတ် hrd@umfcci.com.mm မှာ Online application link ကို ရယူဖြည့်စွက်ပြီး online payment စနစ်နဲ့ လျှောက်ထားနိုင်ပါတယ်။ အသေးစိတ်ကို ဖုန်း-၀၁-၂၃၁၇၄၇၉ သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««