UK Bachelor Degree Program များကို မြန်မာနိုင်ငံတွင် ဖွင့်လှစ်သင်ကြားပေးနိုင်ရန် Auston College Myanmar နှင့် Liverpool John Moores University တို့ပူးပေါင်း

UK Bachelor Degree တွေကို မြန်မာနိုင်ငံတွင် ပထမဆုံးဖွင့်လှစ် သင်ကြားပေးနိုင်ဖို့အတွက် Auston College Myanmar နဲ့ Liverpool John Moores University (LJMU) တို့ ဇွန် ၁ ရက် က အကျိုးတူ ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။

မြန်မာကျောင်းသားလူငယ်တွေအနေနဲ့ UK Bachelor Degree တွေကို မြန်မာနိုင်ငံရှိ Auston College Myanmar မှာပင် တက်ရောက်သင်ကြားနိုင်မှာ ဖြစ်ပြီး Auston College Myanmar မှ ပေးအပ်တဲ့ အင်ဂျင်နီယာ ပညာရေးလမ်းကြောင်းအဖြစ် ကျောင်းသားလူငယ်တွေဟာ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေ ဖြေဆိုပြီးတဲ့အခါ ရှေ့ဆက်ရမယ့် တက္ကသိုလ်ပညာရေးအတွက် အကောင်းဆုံး ပြင်ဆင်ပေးမယ့် Enhanced Foundation Program ကို စတင်တက်ရောက်ရမှာဖြစ်ကြောင်း၊ Higher Diploma Program ကို ဆက်လက်တက်ရောက်ရမှာ ဖြစ်ပြီး လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံကို ကွင်းဆင်းရယူနိုင်မှာ ဖြစ်ကာ လုပ်ငန်းခွင် အတွေ့အကြုံရယူပြီးနောက် LJMU ရဲ့ Bachelor Degree Program ကို ဆက်လက် တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

တက်ရောက်နိုင်တဲ့ Program တွေကတော့ Bachelor of Engineering (Hons) in Electrical and Electronic Engineering, Bachelor of Engineering (Hons) in Mechatronics and Autonomous Systems, Bachelor of Science (Hons) in Computer Networks တို့ပဲ ဖြစ်ပါတယ်။

Enhanced Foundation Course ကို ဇွန် ၁၅ ရက် မှာ ဖွင့်လှစ်သွားမှာဖြစ်ပြီး တက်ရောက်လိုသူတွေအနေနဲ့ အသေးစိတ်အချက်အလက်တွေကို ဖုန်း-၀၉၇၆၅၄၃၃၀၈၉ နဲ့ ၀၉၇၆၅၄၃၃၀၉၁ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ