UK, Australia, New Zealand ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းအကြောင်း ဆွေးနွေးပွဲကျင်းပမည်

စင်ကာပူနိုင်ငံ PSB Academy မှ ဘွဲ့ရ ကျောင်းသားတွေရဲ့ အတွေ့အကြုံနှီးနှောဖလှယ်ခြင်းအပြင် UK, Australia, New Zealand ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းအကြောင်း ဆွေးနွေးပွဲကို MSI မှ ကြီးမှူးကျင်းပသွားမယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၈ ရက်၊ ရန်ကုန်မြို့ရှိ Novotel Hotel (Eureka Room) မှာ နေ့လယ် ၁ နာရီ မှ ၃ နာရီ အထိလည်းကောင်း၊ ဖေဖော်ဝါရီ ၉ ရက်၊ မန္တလေးမြို့ရှိ Pullman Hotel (Thazin – 1 Room) မှာ နေ့လယ် ၁ နာရီ မှ ၃ နာရီအထိ လည်းကောင်း ကျင်းပသွားမယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲမှာ စင်ကာပူနိုင်ငံနဲ့ မြန်မာနိုင်ငံတို့မှာ မရှိမဖြစ် လိုအပ်နေတဲ့ Career Opportunities တွေ၊ အင်္ဂလန်နိုင်ငံ ထိပ်တန်းတက္ကသိုလ် (၁၅) ကျောင်းထဲမှ တစ်ခုအပါအဝင်ဖြစ်တဲ့ Coventry University မှ MBA တန်းအတွက် ပေးအပ်မယ့် ပညာသင်ထောက်ပံ့ကြေး SGD 3,000 လျှောက်ထားနိုင်မယ့်အကြောင်းတွေ၊ သြစတြေးလျတက္ကသိုလ် ကျောင်းများထဲမှာ အဆင့် (၂) နေရာရှိ University of Wollongong မှ ပေးအပ်မယ့် ပညာသင်ထောက်ပံ့ကြေး SGD 2,000 လျှောက်ထားရယူနိုင်မယ့် အကြောင်းတွေ၊ ကျောင်းဖွင့်ချိန်နဲ့ ကျောင်းလခ အရစ်ကျသွင်းချေမှုတွေ၊ ကျောင်းဝင်ခွင့်နဲ့ အင်္ဂလိပ်စာဝင်ခွင့်သတ်မှတ်ချက်တွေ၊ ဝါသနာနဲ့ အလုပ်အကိုင်အခွင့်အလမ်း ကိုက်ညီမှုရှိတဲ့ ဘာသာရပ်ရွေးချယ်မှုတွေ၊ PSB Academy မှ ကျောင်းပြီးထားပြီး ယခုလက်ရှိ လုပ်ငန်းခွင်အတွင်း ဝင်ရောက်လုပ်ကိုင်နေသူများမှ နှီးနှောဝေမျှခြင်း အစရှိတဲ့ အကြောင်းအရာတွေပါဝင်မှာ ဖြစ်ပါတယ်။

ပွဲတက်ရောက်လိုပါက ရန်ကုန်ရုံး ဖုန်း -၀၉ ၅၁၀၃၉၁၅၊ ၀၉ ၄၂၀၀၃၇၆၁၆ မန္တလေးရုံး ဖုန်း – ၀၉ ၉၇၆၀၅၈၆၂၆ နဲ့ ၀၉ ၄၄၄၄၄၃၉၁၇ ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

-သန္တာ