UK တက္ကသိုလ်ပထမနှစ်နဲ့ညီမျှတဲ့ Level 4 Diploma in Business with E-sports ကို မြန်မာနိုင်ငံတွင် တက်ရောက်နိုင်မည်

Next LvL Esports & STEAM Academy မှ NCC Education (UK) ပူးပေါင်းပြီး UK တက္ကသိုလ်ပထမနှစ်နဲ့ညီမျှတဲ့ Level 4 Diploma in Business with E-sports ကို မြန်မာနိုင်ငံမှာ စတင်ပေးအပ်တော့မှာဖြစ်ပါတယ်။

KMD Group အနေနဲ့ မြန်မာနိုင်ငံရဲ့ Gaming and E-sports နယ်ပယ်ကို တိုးတက်စေရေးအတွက် ပညာရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု ရှုထောင့်တွေကနေ တတ်စွမ်းနိုင်သလောက် ကူညီပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ချက်နဲ့ Next LvL Esports & STEAM Academy ကို KMD Institute နဲ့ ပူးပေါင်းပြီး ဖွဲ့စည်းခဲ့သလို

Next LvL E-sports & STEAM Academy ကို နိုဝင်ဘာ ၁၄ ရက်က Facebook Live ဖြင့် မိတ်ဆက်ခဲ့ပြီး အခမ်းအနားတွင် ဂိမ်းကစားတာကို အကျိုးမရှိဘဲ အလွန်အကျွံစွဲလမ်းခြင်းတွေ မဖြစ်အောင် လူငယ်တွေရဲ့ Game တွေအပေါ်မှာရှိတဲ့ စိတ်ဝင်စားမှု၊ စိတ်အားထက်သန်မှု တွေကို အသုံးပြုပြီး E-sports နဲ့သူ့ရဲ့ ဆက်စပ်နယ်ပယ် တွေဖြစ်တဲ့ Game Development, STEAM နဲ့ Gamification နယ်ပယ် တွေမှာပါ အသက်မွေးဝမ်းကျောင်းပညာရပ်များအနေနဲ့ လမ်းမှန်ရောက်အောင် ရပ်တည်နိုင်စေမယ့် သင်တန်းလေးတွေကို မိတ်ဆက်ပေးခဲ့တယ်လို့သိရပါတယ်။

သင်တန်းနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို ဖုန်း – ၀၉၈၈၉၄၉၁၁၃၆ နဲ့ ၀၁-၇၀၀၈၉၅ ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««