UIT နှင့် အီတလီနိုင်ငံ UNITUS တက္ကသိုလ်တို့ ကျောင်းသား ကျောင်းသူများ ဖလှယ်ရေး အစီအစဉ်ပြုလုပ်ရန် Fully Funded ရရှိ

သတင်းအချက်အလက်နည်းပညာတက္ကသိုလ် (UIT) နဲ့ အီတလီနိုင်ငံ၊ University of Tuscia (UNITUS) တက္ကသိုလ်တို့ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား ကျောင်းသူများ ဖလှယ်ရေး အစီအစဉ်ပြုလုပ်ဖို့ Fully Funded ရရှိခဲ့တယ်လို့ သိရပါတယ်။

သတင်းအချက်အလက်နည်းပညာတက္ကသိုလ် (UIT) နဲ့ အီတလီနိုင်ငံ၊ University of Tuscia (UNITUS) တက္ကသိုလ်တို့ ပူးပေါင်းလျှောက်ထားခဲ့သော ERASMUS International Credit Mobility KA107 programme ကို Italy National Agency မှ (၂၀၂၀-၂၁,၂၀၂၁-၂၀၂၂ နဲ့ ၂၀၂၂ -၂၃ ) ပညာသင်နှစ် (၃) နှစ်စာအတွက် ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား ကျောင်းသူများ ဖလှယ်ရေး အစီအစဉ်ကို ပြုလုပ်နိုင်ဖို့ Fully Funded ရရှိခဲ့တာ ဖြစ်ပါတယ်။
၎င်းအစီအစဉ်နဲ့ နှစ်စဉ် မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူ (၄) ဦး၊ ဆရာ၊ ဆရာမ (၂) ဦး၊ အီတလီနိုင်ငံမှ ကျောင်းသား ကျောင်းသူ (၂) ဦး၊ ဆရာ၊ ဆရာမ (၂) ဦး၊ အပြန်အလှန်ဖလှယ်ဖို့ သဘောတူထားတယ်လို့ သိရပါတယ်။

UIT သည် ဘာသာရပ် (၇) ခုနဲ့ ဘွဲ့ပေးအပ်လျက်ရှိပြီး စက်တင်ဘာ ၁ ရက်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ် တစ်ခု အဖြစ် ရရှိခဲ့ပါတယ်။

-သန္တာ

»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««