UI ပြောင်းလဲထားတဲ့ PlayStation 5

ပြီးခဲ့တဲ့အပတ်က Sony က PlayStation 5 ထုတ်ကုန်ကို အသေးစိတ်မိတ်ဆက်ခဲ့ပေမယ့် software ပိုင်းတော့ မပြောခဲ့ပါဘူး။ Sony PS5 UI က PS4 UI ကို ၁၀၀ရာခိုင်နှုန်း ပြင်ဆင်ထားပြီး လုံးဝခြားနားတဲ့ စိတ်ကူးသစ်တွေ ပါဝင်တယ်လို့ Sony ရဲ့ Playstation OX ဒီဇိုင်း ဒုဥက္ကဋ္ဌ မက်လောရင်းက LinkedIn မှာတင်ထားပါတယ်။

သူက အသေးစိတ် မပြောကြားပေမယ့် UI က အလွန်အသုံးဝင် လက်တွေ့ကျပြီး visual ဘာသာစကားအသစ်ကို အခြေပြုထားတယ်လို့ ပြောထားပါတယ်။ PS5 UI က မြန်နှုန်းကို အလေးထားပြီး အတွေ့အကြုံပိုင်းကို တစ်စက္ကန့်ရဲ့ တစ်ထောင်ပုံတစ်ပုံနဲ့ တိုင်းတာနိုင်အောင် ပြုလုပ်ထားတယ်လို့ မက်လောရင်းက ပြောခဲ့ပါတယ်။

PS5 ရဲ့အထူးခြားဆုံး feature ကလည်း သီးသန့်ဒီဇိုင်း ထုတ်ထားတဲ့ SSD ဖြစ်ပြီး အဆင့်မြင့် တန်ဖိုးကြီး PC SSD တွေကို အလဲထိုးနိုင်ပါတယ်။ ဒါ့အပြင် Xbox Series X ထက်လည်း ပိုမိုမြန်ဆန်ပါတယ်။

စိုးထက်
Ref: GSMArena