Ugreen USB 3.0 To Dual Bay Hard Drive Dock

HDD နဲ့ SSD data နှစ်ခုစလုံးကို တစ်ပြိုင်တည်း ကူးယူနိုင်ပြီး ကွန်ပျူတာရဲ့ backup space ကို 24TB အထိ တိုးမြှင့်နိုင်တဲ့ Ugreen USB 3.0 To Dual Bay Hard Drive Dock ဖြစ်ပါတယ်။

Hard Drive ထဲက အချက်အလက် တွေကို လျင်လျင်မြန်မြန်နဲ့ ကူးပြောင်းပေးနိုင်သလို ကွန်ပျူတာမပါဘဲ Hard Drive ဒေတာတွေကို Clone ပွားပေးနိုင်တဲ့ HDD Dcoking Station (Dual Bay) ဖြစ်ပါတယ်။ 2.5” နဲ့ 3.5” အရွယ်အစားရှိတဲ့ SATA I, II, III (HDD & SSD) အမျိုးအစား အားလုံးကို တပ်ဆင် အသုံးပြုနိုင်ပါတယ်။ Windows(XP, Vista, 7, 8, 8.1, 10) , Mac OS (10.4 to 10.13) , Linux နဲ့ Chrome စတဲ့ OS အားလုံးနဲ့အသုံးပြုနိုင်ပါတယ်။ USB 3.0 port နဲ့ ချိတ်ဆက် အသုံးပြုမယ်ဆိုရင် အချက်အလက် ကူးပြောင်းမှုနှုန်း 5 Gb/s အထိ ရရှိမှာဖြစ်ပြီး UASP နဲ့ဆိုရင်တော့ 6 Gb/s အထိ ရရှိမှာဖြစ်ပါတယ်။ ကွန်ပျူတာမလိုဘဲ HDD ထဲက အချက်အလက်တွေကို အခြား HDD တစ်လုံးကို ခလုတ်တစ်ချက်နှိပ်ရုံနဲ့ Clone ပွါးနိုင်တာကြောင့် အရေးကြီး အချက်အလက်တွေကို အလွယ်တကူ Back Up ပြုလုပ်သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။

တန်ဖိုးက ၅၆,၀၀၀ ကျပ် ဖြစ်ပြီး Linn IT & Mobile Mart (နေပြည်တော်) ဖုန်း (၀၆၇) ၂၄၄၈၈၊ ၂၆၈၈၄ ၊ Star Mart 9 Mile Show Room (ရန်ကုန်) ဖုန်း ၀၉ ၄၂၂၂၉၄၈၈၄ နဲ့ ၃၄၆၀၃၈၈၈၄ တို့မှာ ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ