Ugoos AM6 Plus Premium Android TV Box

KODI မှ တရားဝင် သတ်မှတ်ထားတဲ့ AM6 စီးရီး Ugoos AM6 Plus Premium Android TV Box ဖြစ်ပါတယ်။ သာမန် TV ကို စမတ်တီဗီ အဖြစ် ပြောင်းလဲပေးပြီး ရုပ်ရှင်ကြည့်ခြင်း သာမက အခြားသော Devices တွေတပ်ပြီး Online Learning အတွက်ရော၊ ဂိမ်းကစားခြင်းအတွက်ပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Amlogic S922XJ with 12nm,Quad core ARM Cortex-A73 and dual-core ARM Cortex-A53 CPU ထောက်ပံ့ပေးထားပါတယ်။ GPU ကတော့ ARM Mali TM-G52 MP6(6ppc) ဖြစ်ပါတယ်။ RAM ပိုင်းမှာ 4GB အထိ ထောက်ပံ့ပေးထားပါတယ်။ ROM ပိုင်းအတွက်ကိုတော့ 32GB အထိ ထောက်ပံ့ပေးထားပါတယ်။ကွန်ရက်ချိတ်ဆက်မှု အတွက် WiFi Dual Band နဲ့ Bluetooth 5.0 အသုံးပြုထားပါတယ်။ Auto Frame-rate switching၊ HDR 10, HLG, Dolby Vision တွေ အလုပ်လုပ်ပြီး DTS, DTS-HD MA, DTS-HD HRA, DTS:X, Dolby Digital, Dolby Digital Plus, Dolby TrueHD, Dolby Atmos အားလုံး Pass-through ရတဲ့အတွက် Home Theater ကောင်းကောင်းဆင်ထားတဲ့ သူတွေသုံးသင့်တဲ့ Android Box ဖြစ်ပါတယ်။ Playstore ပါဝင်ပြီးဖြစ်တဲ့ အတွက် အထောက်အပံ့ပေးတဲ့ Application တွေကို ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

တန်ဖိုးက ၂၂၈,၀၀၀ ကျပ် ဖြစ်ပါတယ်။ အရွယ်အစား 16.2 x 15 x 9.4 cm ဖြစ်ပြီး 910 g အလေးချိန် ရှိပါတယ်။ Current Android TV Box Store (MDY) ဖုန်း – ၀၉ ၇၉ ၁၉ ၇၄၇၈၄ ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««